ကျောင်းသားကျောင်းသူများနှင့် ဒေသခံ ပြည်သူများ စာပေဖတ်ရှုမှုအားကောင်းလာ စေရန် ကလေးသူငယ်များစာပေဖတ်ရှုခြင်း ဖြင့် မှန်ကန်သောအတွေးအခေါ် ရရှိခြင်းနှင့် ဗဟုသုတပြည့်ဝပြီး စဉ်းစားတွေးခေါ်မှု ဉာဏ် ရည်မြင့်မားစေရန်ရည်ရွယ်၍ ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က နှုတ်ခွန်း ဆက်စကားပြောဆိုပြီး ကလေးစာပေပွဲတော် ကို ထူးချွန်ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင်လှစ်ပေးကြသည်။ ထို့နောက် ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့က ဧည့်ခံ ဖျော်ဖြေကာ ကလေးစာပေပွဲတြွော်ကရောက် လာသော ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများက ပြိုင်ပွဲများ၊ ပြခန်းများ၊ ကစားပွဲများကြည့်ရှု၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ကလေးစာပေပွဲတော်တွင် ပြိုင်ပွဲများအနေ ဖြင့် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ စာစီစာကုံး၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ခွက်နင်းလမ်းလျှောက်၊ ဖိနပ်စီး၊ ဉာဏ်စမ်း ပဟေဠိ စသည့်ပြိုင်ပွဲများ၊ ပျော်ရွှင်စရာအစီအစဉ် များအနေဖြင့် ကွန်ပျူတာဂိမ်း၊ ကလေးများ ကွန်းဆက်၊ မျက်နှာဆေးခြယ်၊ ရုပ်ပြောင်ဆွဲ စသည့်ပျော်ရွှင်ဖွယ်ရာများ၊ ကလေးသူငယ် များနှင့် စာပေပွဲတော်လာ ပရိသတ်များ ဗဟု သုတရရှိစေရန် ပြခန်းများအနေဖြင့် ကလေး စာပေနှင့် သုတရသစာအုပ်အရောင်းပြခန်း များ၊ ကလေးစာဖတ်ခန်းပြခန်း၊ လျှပ်စစ်ပြခန်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးပြခန်း၊ ကျန်းမာရေးပြခန်း၊ သင်ထောက် ကူပြခန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင် ရွက်မှုပြခန်း၊ မီးငြှိမ်းသတ်မှုသရုပ်ဖော်ပြခန်းများပါဝင်ပြသထားပြီး ပါဝင်ယှဉ်ပြိုင်သူများ၊ ကစားသူများနှင့် ကြည့်ရှုအားပေးသူဒေသခံ ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ကလေး အထူးတရားပွဲပါ ထည့်သွင်းကျင်းပလျက်ရှိ သည်။
















