အီဂျစ်နိုင်ငံတကာစီးရီးကြက်တောင်တစ်ဦးချင်းပြိုင်ပွဲ မြန်မာနိုင်ငံမှ သက်ထားသူဇာ ချန်ပီယံဆု ဆွတ်ခူး

အီဂျစ်နိုင်ငံတကာစီးရီးကြက်တောင်တစ်ဦးချင်းပြိုင်ပွဲ မြန်မာနိုင်ငံမှ သက်ထားသူဇာ ချန်ပီယံဆု ဆွတ်ခူး

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တစ်ဦးချင်းဖိုင်နယ်ပွဲစဉ်တွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

လွဲချော်ခဲ့

အဆိုပါပြိုင်ပွဲအား အောက်တိုဘာ ၂၅ရက် မှ ၂၈ရက်အထိကျင်းပခဲ့ပြီး သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းဆီမီးဖိုင်နယ်တွင် ကမ္ဘာ့ထိပ်သီးမလေးရှားကြက်တောင်မယ်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီ ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည်။

ဖိုင်နယ်ပွဲစဉ်တွင် ဘီလာရုစ်မှအားကစားမယ်နှင့် ယှဉ်ပြိုင်ရန်ရှိနေသော်လည်း အဆိုပါအားကစားမယ်မှာ အောက်တိုဘာ ၂၇ရက်ကယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် အောက်တိုဘာ ၂၈ရက်တွင် ကစားမည့် အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲစဉ်အား လွဲချော်ခဲ့သည်။

ထို့ကြောင့် ဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ဘက်မရှိသဖြင့် မြန်မာအားကစားမယ် သက်ထားသူဇာမှာ ချန်ပီယံဆုအား ဆွတ်ခူးရရှိခဲ့သည်။

ပူးတွဲရရှိ

ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ရက်တွင် ကျင်းပခဲ့ရာ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ပထမဆုကို မြန်မာနိုင်ငံမှ သက်ထားသဇင်ကရရှိခဲ့ပြီး ဒုတိယဆုကို ဘီလာရုစ်၊ တတိယဆုကို မလေးရှားနှင့် ဆွတ်ဇာလန်နိုင်ငံတို့မှ ပူးတွဲရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး