Casabella Luxury Home Furnishing Center က “ မင်္ဂလာသက်တမ်း ၂၅ နှစ်ပြည့် မင်္ဂလာမောင်နှံများ” ကို ဖော်ထုတ်ပြီး ထူးခြားသည့် မင်္ဂလာမောင်နှံ ၂၅ တွဲအား ရွေးချယ်ကာ အမှတ်တရဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။
ထို့ပြင် အဆိုပါ မင်္ဂလာမောင်နှံ ၂၅ တွဲမှ အထူးခြားဆုံးစုံတွဲ ငါးတွဲကို ထပ်ဆင့် ရွေးချယ်ကာ Title Award များနှင့်အတူ တန်ဖိုးကြီးဆုလက်ဆောင်များ ချီးမြှင့်မည်ဖြစ်သည်။
စိတ်ကြိုက် အနှစ်သက်ဆုံးမောင်နှံကို Casabella’s Silver Anniversary Couple Award၊ ပျော်ရွှင်ဖွယ်မိသားစုပုံရိပ် အဖော်ကျူးနိုင်ဆုံးမောင်နှံကို Blissful Couple Award၊ ရုပ်ရည်ရူပကာ နုပျိုမှုအရှိဆုံး မောင်နှံကို Youngest Look Couple Award ၊ဆွတ်ပျံ့ကြည်နူးဖွယ်အကောင်းဆုံး မောင်နှံကို Romantic Couple Award ၊Facebook online voting နှင့် မဲအများဆုံး မောင်နှံကို People Choice Couple Award ဆု အသီးသီးကို ရွေးချယ်ပေးမည်ဖြစ်သည်။
အရွေးချယ်ခံရန် Casabella Page ကို Like လုပ်ထားရန် လိုအပ်ပြီး လက်ရှိ Photo contest ပိုစ့်အား Like & Public Share ပြုလုပ်ရမည်ဖြစ်သည်။ Share သည့်အချိန်တွင် #Casabella_25th_Silver_Anniversary ဟု ကူးယူရေးသားရမည်ဖြစ်သည်။
ထို့နောက် မိမိ Share ထားသော ပို့စ်အား screenshot ရိုက်ကာ comment box တွင် ပေးရမည်ဖြစ်သည်။
မောင်နှံ နှစ်ဦး တွဲရိုက်ထားသော အလှပုံ (၁) ပုံနှင့် မိသားစုဝင်များ စုံညီပါဝင်သည့်ပုံ (၁)ပုံ စုစုပေါင်း (၂) ပုံကို Casabella Page ၏ Massage Box မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။ Selfie ဓာတ်ပုံကိုမူ လက်ခံမည်မဟုတ်ဟု ဆိုသည်။
မောင်နှံနှစ်ဦး၏ နာမည်၊ အသက်၊ မိသားစုဝင်ဦးရေအတိအကျနှင့်အတူ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပူးတွဲပေးပို့ရမည်ဖြစ်ပြီးအောက်တိုဘာ ၂၆ ရက်မှ စတင်ကာ နိုဝင်ဘာ ၁၆ ရက်ထိ စာရင်းသွင်းလျှောက်ထားခွင့်ရရှိမည် ဖြစ်သည်။
Facebook online တွင် Voting စနစ်ဖြင့် အရွေးချယ်ခံမည့် မောင်နှံများ၏ ပုံများကို Casabella Page မှတစ်ဆင့် Voting ပေးနိုင်မည့်ကာလသည် နိုဝင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ ဖြစ်သည်။
Casabella’s Silver Anniversary Couple Award ရရှိသည့် မောင်နှံကို ကျပ်ဆယ်သိန်းကျော်တန်ဖိုးရှိ DUNLOPILLO မွေ့ယာ ချီးမြှင့်မည်ဖြစ်သကဲ့သို့ အခြား Title Award ရရှိသည့် မောင်နှံများကိုလည်း တန်ဖိုးကြီးဆုလက်ဆောင်များ ချီးမြှင့်မည် ဖြစ်သည်။
စာရင်းသွင်း လျှောက်ထားမည့် မောင်နှံများအနေဖြင့် "Casabella’s 25th Anniversary" အတွက် ပြုလုပ်မည့် Press Release ပွဲတက်ရောက်ခွင့်နှင့်အတူ စာနယ်ဇင်းသမားများနှင့် မိတ်ဆက်ပြောကြားခွင့်ရရှိမည် ဖြစ်သည်။
















