NDFပါတီခေါင်းဆောင်များ ဆိပ်ကမ်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးဆင်း

NDFပါတီခေါင်းဆောင်များ ဆိပ်ကမ်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးဆင်း

အောက်တိုဘာ ၂၈ရက်ညနေ ၃နာရီမှ ၆နာရီအထိ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော် မဲဆန္ဒနယ်မြေအမှတ်(၂)တွင် NDFပါတီခေါင်းဆောင်များက NDFလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မာလာနှင့်အတူ လှည့်လည်၍ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြောင်း NDFပါတီက သတင်းထုတ်ပြန်ခဲ့သည်။

 ထိုမဲဆွယ်စည်းရုံးရေးပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ အထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးတိုးတိုးနှင့်ဦးအောင်ဇင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့် မော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကြီးမြင့်၊ ဦးလှခိုင်နှင့် ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီဝင်များ၊ မြို့နယ်များမှ ပါတီဝင်များ စုစုပေါင်း ၆၀ဦးခန့် ပါဝင်စည်းရုံးရေးဆင်းခဲ့သည်။

ပထမဦးစွာ မဲဆန္ဒနယ်မြေတစ်ပတ် အင်အားပြလှည့်လည်ခဲ့ပြီး ဟောပြောပွဲနှစ်နေရာ ကျင်းပပြုလုပ်ခဲ့ သည်။ NDFလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မာလာက မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။

ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ လူငယ်တာဝန်ခံ ကိုကျော်ထက်နှင့် ပါတီနာယက ဦးတိုးပိုတို့က NDF ပါတီ ပေါ်ပေါက်လာရခြင်းသမိုင်းကြောင်း၊ ဒီမိုကရေစီရေးအတွက်ခံယူထားချက်၊ လွှတ်တော်အတွင်း NDF ပါတီ ကိုယ်စားလှယ်များ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များအကြောင်း၊ NDFပါတီ၏ ရပ်တည်ထားချက် များနှင့် ဆောင်ရွက်ချက်များအကြောင်းကို ဟောပြောခဲ့သည်။ 

နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဌ ဦးခိုင်မောင်ရည် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီဝင်များနှင့်အတူ  NDFလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မာလာအတွက် မဲဆွယ်စည်းရုံးဟောပြောပွဲ ထပ်မံပြုလုပ်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး