ယူအေအီးလုပ် ပထမဆုံးဂြိုဟ်တုကို ဂျပန်မှလွှတ်တင်
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)၏ ပြည်တွင်းဖြစ် ပထမဆုံးဂြိုဟ်တုတစ်လုံးကို ဂျပန်ဒုံးပျံဖြင့် ဂျပန်တောင်ပိုင်းမှနေ၍ အာကာသထဲ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။
ခါလီဖာဆက် ကမ္ဘာဂြိုဟ်စူးစမ်းရေးဂြိုဟ်တုကို ဂျပန်အာကာသအေဂျင်စီနှင့် မစ်ဆူဘီရှိအကြီးစား စက်မှုလုပ်ငန်းတို့က တာနဲဂါရှီမားအာကာသစင်တာမှ အိပ်ချ် ၂ အေ ဒုံးပျံဖြင့် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်အတွက် ပတ်ဝန်းကျင်စိမ်းလန်းရေးဓာတ်ငွေ့များကို စူးစမ်းမည့် အီဘူကီ ၂ ဂြိုဟ်တုကိုလည်း တစ်ပါတည်း လွှတ်တင်ခဲ့သည်။
ကမ္ဘာပတ်လမ်းကြောင်းတွင်းအရောက်၌ ဂြိုဟ်တုနှစ်လုံးကို သီးခြားစီလွွှတ်တင်မည်ဖြစ်သည်။
ယူအေအီးသည် ၄င်း၏ပထမဆုံး အာကာသယာဉ်မှူးနှစ်ဦးကို နိုင်ငံတကာအာကာသစခန်းသို့ ၂၀၁၉ ၌ ပို့ဆောင်ရန် ရည်မှန်းထားသည်။

















