အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်သင်္ဘော SUJAY နှင့် ANMOLရန်ကုန်မြို့သို့ အလည်အပတ်လာရောက်မည်

အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်သင်္ဘော SUJAY နှင့် ANMOLရန်ကုန်မြို့သို့ အလည်အပတ်လာရောက်မည်

အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုမိုအားဖြည့်ခိုင်မာစေရန်အိန္ဒိယနိုင်ငံမှ ကမ်းရိုးတန်းစောင့်သင်္ဘောများဖြစ်သော Sujayနှင့် Anmol သည် ၂၀၁၈ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံကမ်းရိုးတန်းစောင့်သင်္ဘောဖြစ်သော Sujay သည် ကမ်းလွန်ကင်းလှည့်သင်္ဘောဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်တွင်အိန္ဒိယကမ်းရိုးတန်းစောင့်တပ်သို့ တပ်တော်ဝင်ခဲ့သည်။ ယင်းသင်္ဘောသည် တန်ချိန် ၂၄၀ဝ တန်ကျော်တင်ဆောင်နိုင်ပြီး အလျား ၁၀၅ မီတာရှည်ကာ အမြန်နှုန်း ၂၆ knots ထက်ပိုမြန်နိုင်သည်။

သင်္ဘောကိုရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ပင်လယ်ရေကြောင်းဥပဒေ အကျိုးသက်ရောက်မှုရှိရေးနှင့်ကင်းလှည့်ရေးတို့အတွက် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်တွင် ရေနံယိုဖိတ်ခြင်း ထိန်းချုပ်ရန် ညစ်ညမ်းမှု တုံ့ပြန်ကိရိယာ တပ်ဆင်ထားသည်။ 

သင်္ဘောပေါ်တွင် အင်ဂျင်နှစ်လုံးတပ်ဟယ်လီကော်ပတာ တစ်စီးနှင့် မြန်နှုန်းမြင့် စပိဘုတ် ၅စီးတင်ဆောင် နိုင်ရန် တည်ဆောက်ထားပြီးပြည်တွင်းမှာပင် ပုံစံဒီဇိုင်းရေးဆွဲကာ M/s GoaShipyard Limited မှတည်ဆောက်ထားခြင်းဖြစ်သည်။ ယခုရန်ကုန်သို့လာရောက်သည့်ခရီးစဉ်သည် တာဝန်ထမ်းဆောင်မှုတစ်နှစ်အတွင်း ပထမဆုံး ခရီးဖြစ်သည်။

သင်္ဘော၏ Commanding Officer မှာ DIG Yoginder Dhakaဖြစ်ပြီး အရာရှိများနှင့်သင်္ဘောသားများ အပါအဝင် သင်္ဘောအမှုထမ်း ၁၀ဝကျော်ကို တင်ဆောင်လာမည်ဖြစ်သည်။

ICGS Anmol သည် လျင်မြန်သောကင်းလှည့်သင်္ဘောဖြစ်ပြီး ၂၀၁၅ ခုနှစ်အောက်တိုဘာလ၁၅ရက်နေ့တွင် အိန္ဒိယကမ်းရိုးတန်းစောင့်တပ်သို့တပ်တော်ဝင်ခဲ့သည်။ M/s Cochin Shioyard Limitedမှတည်ဆောက်ထားပြီး သင်္ဘောအားဦးဆောင်လာသူမှာ Commandant Satyjeet N Samleဖြစ်ကာသင်္ဘောအမှုထမ်း ၄၀ ကျာ်ကို တင်ဆောင်လာမည် ဖြစ်သည်။

ရန်ကုန်မြို့သို့ ရောက်ရှိစဉ်ဆောင်ရွက်မည့်အဓိကအစီအစဉ်များ၌ ဂါရဝပြုတွေ့ဆုံခြင်းများ၊မြန်မာ့တပ်မတော်(ရေ) မှအရာရှိများ၊ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှအရာရှိများနှင့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းများ၊ချစ်ကြည်ရေးအားကစားပြိုင်ပွဲများနှင့် စိတ်ဝင်စားဖွယ်နေရာများသို့ လည်ပတ်ခြင်းများပါဝင်သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး