ကုန်ကျစရိတ်မြင့်တက်မှုနှင့် ကြွာ့ကုန်သွယ်ရေးကျဆင်းလာမှုကြောင့် ယခုနှစ်ကိုးလတာကာလအတွင်း SCG ၏အမြတ်ငွေ လျော့နည်းခဲ့ရဟုဆို

ကုန်ကျစရိတ်မြင့်တက်မှုနှင့် ကြွာ့ကုန်သွယ်ရေးကျဆင်းလာမှုကြောင့် ယခုနှစ်ကိုးလတာကာလအတွင်း SCG ၏အမြတ်ငွေ လျော့နည်းခဲ့ရဟုဆို

ယခုနှစ် ကိုးလတာလုပ်ငန်းရလဒ်အရ အရောင်းဝင်ငွေတိုးလာသော်လည်း ကုန်ကြမ်း ပစ္စည်း၊ စွမ်းအင်အသုံးပြုမှုကုန်ကျစရိတ် မြင့် တက်လာမှု၊ ကမ္ဘာ့ကုန်သွယ်ရေးကျဆင်းလာ မှုနှင့် လုပ်ငန်းသုံးပစ္စည်းများ လုပ်ဆောင်မှုများ အားနည်းကျဆင်းလာမှုတို့ကြောင့် အမြတ်ငွေ လျော့နည်းခဲ့ရကြောင်း SCG မှ ထုတ်ပြန်သည်။

မြင့်တက်

ယခုနှစ် ကိုးလအတွက် စာရင်းသွင်းပြီး သော အရောင်းဝင်ငွေမှာ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်းနှင့် ယခင်သုံးလပတ်ထက် ၂ ရာခိုင် နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၃,၇၁၆ သန်းဖြစ်ပြီးယင်းကာလအတွင်း အမြတ် ငွေပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၈၇ သန်း ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခြေအနေများ မဖြစ်ပေါ်ပါက အမေရိကန်ဒေါ်လာ ၃၃၈ သန်း ရရှိမည်ဖြစ်သည်။

အမြတ်ငွေ

SCG သည် စီးပွားရေးလုပ်ငန်းယူနစ် အားလုံး တိုးတက်မှုနှုန်းတို့ကြောင့် စာရင်းသွင်း ပြီးသော အရောင်းဝင်ငွေမှာ ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန် ဒေါ်လာ ၁၁,၂၃၈ သန်းခန့် ရရှိခဲ့ပြီး အဆိုပါ ကာလအတွက် အမြတ်ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၁,ဝ၆၇ သန်းခန့်ရရှိခဲ့ကြောင်း သိရ သည်။

ပိုင်ဆိုင်မှု

ယခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ SCG ၏ စုစုပေါင်းပိုင်ဆိုင်မှုသည် အမေရိကန် ဒေါ်လာ ၁၈၂,၉၄ သန်းရှိခဲ့ပြီး အာဆီယံရှိ SCG (ထိုင်းနိုင်ငံမပါ)၏ စုစုပေါင်းပိုင်ဆိုင်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ç၈၄၆ သန်း ရှိရာ ယင်းပမာဏသည် SCG စုစုပေါင်းပိုင် ဆိုင်မှု၏ ၂၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး