စဉ့်ကိုင်မြို့ တပ်ကြီးရွာတွင်စကားများရန်ဖြစ်သည့်အပေါ် အညိုးအတေးထားကာ မရီးဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုသူကို သက်ဆု်ိင်ရာက အောက်တိုဘာ ၃၀ ရက် တွင်ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ နံနက် ၁ဝနာရီခွဲအချိန်ခန့်တွင် တပ်ကြီးရွာနေ တိုင်တန်းသူထံသို့ ညီမဖြစ်သူကဖုန်းဆက်သွယ်ကာ တိုင်တန်းသူ၏ သမီးကြီးမအိဝေမျိုးကို ၎င်း၏ညီမတော်စပ်သူ တိုင်တန်းသူ၏ သမီးအငယ်ဖြစ်သူ၏ ခင်ပွန်း နေမင်းထက်က ဓါးဖြင့် ထိုးသဖြင့် စဉ့်ကိုင်ဆေးရုံသို့ ရောက်နေကြောင်း သိရသဖြင့်သွားရောက်ကြည့်ရှုခဲ့သည်။
သမီးဖြစ်သူတွင် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ၊ ဝဲလက်မောင်းတွင် ပြတ်ရှဒဏ်ရှဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
စုံစမ်းချက်အရ သမီးအငယ်နှင့် နေမင်းထက်တို့ လင်မယားချင်း စကားများကြပြီး နေမင်းထက်က ၄င်း၏ မိဘများနေအိမ်သို့ သွားရောက်နေထိုင်ခဲ့ကြောင်း၊ အဆိုပါကိစ္စတွင် နှင့်ပတ်သက်၍ မရီးဖြစ်သူ အိဝေမျိုးအပေါ်မကျေနပ်သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စဉ့်ကိုင်မြို့မရဲစခန်း (ပ) ၃၁၅/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုရေးဖွင့် ဆောင်ရွက်ထားသည်။

















