မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ရန်ကုန်လေဆိပ်တွင် ကျင်းပ

မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ရန်ကုန်လေဆိပ်တွင် ကျင်းပ

မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) Terminal 3 တွင်  အောက်တိုဘာ ၃၀ ရက်က ကျင်းပခဲ့သည်။ 

အဆိုပါအစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ စတင်ခဲ့သော ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံသား ခရီးသည်များအတွက် မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာခွင့်ပြုမှု၏ နောက်ဆက်တွဲ အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ 

Yangon Aerodrome Company Limited (YACL) အနေဖြင့်လည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် International Travel Asia (ITA)နှင့် ပူးပေါင်း၍ အဆိုပါ အစည်းအဝေးကျင်းပရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ 

ITA သည် လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တွန်းအားပေးဆောင်ရွက်နေသော ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ 
 
အဆိုပါ အစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 

အဆိုပါအစည်းအဝေးသို့ မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တရုတ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကုန်သွယ်ရေးအဖွဲ့အစည်းများ၊ တရုတ်လေကြောင်းလိုင်းများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ၊ တရုတ်မီဒီယာများ၊ ICBC Bank ၊ YACL နှင့် ITA မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် duty-free အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော RGS မှ တာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး