နမ့်စန့်မြို့နယ်တွင် စိတ်ကြွဆေးပြား ၉၇ သိန်းကျော်ဖိုးကို သက်ဆိုင်ရာက အောက်တိုဘာ ၃၀ ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၄ နာရီခွဲ အချိန်တွင် နမ့်စန်မြို့အထွက် နမ့်စန် - မိုးနဲကားလမ်း လွိုင်စန့်ရွာ ဆိုင်းဘုတ်အနီးတွင် မိုးနဲမြို့ဘက်မှ နမ့်စန်မြို့ ဘက်သို့ ဘထွန်း ၃၂ နှစ် မောင်းနှင်ပြီး ဗိုလ်ဗိုလ် ၃၄ နှစ်နှင့် မရီမေအောင် ၂၂ နှစ်တို့လိုက်ပါလာသည့် မော်တော်ယာဉ်ကို မူးယစ်သတင်းအရ နမ့်စန်မြို့ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့(၂၇)လွိုင်လင်မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၇၉ဝ ပြား၊ကျပ် ၉၇ ဒသမ ၉ သိန်းဖိုးခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း သုံးလုံး၊ မြန်မာငွေ ၃ဝဝဝဝ ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ နမ့်စန်မြို့မရဲစခန်းက မူးယစ်ဥပဒေအရ အမှုဖွင့်အရေးယူထားသည်။

















