ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Pocari Sweat တို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု Pocari Sweat Mini Marathon Taunggyi အကြီးတန်း၊ အငယ်တန်းမီနီမာရသွန်ပြေးပွဲကို ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ၁၈၀ဝ ကျော်ဖြင့် နိုဝင်ဘာ ၃ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ဒီလိုပြိုင်ပွဲတွေကျင်းပပေးတာ ကျောင်းသားကျောင်းသူတွေအတွက် ကျန်းမာကြံ့ခိုင်တယ်။ ဉာဏ်ရည်လည်းပိုထက်တယ်။ မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာစေရေးနဲ့ အားကစားဘက်ကို စိတ်ပါဝင်စားလာတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာမှာ ဖြစ်ပြီး ပိုပြီးတော့လည်း ကျန်းမာကြံ့ခိုင်လာစေမှာပါ"ဟု တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်မေရီမိုးက ပြောဆိုခဲ့သည်။
ယင်းပြိုင်ပွဲသို့ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၈၀ဝ ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















