လူကြီးချင်းစကားများရန်ဖြစ်ရာက ကတ်​​ကြေးဖြင့် ထိုးစဉ်​ အသက်​ ၁ နှစ်​ကိုးလအရွယ်​ က​လေးငယ်​ကို ထိမိ၍ သေဆုံး

လူကြီးချင်းစကားများရန်ဖြစ်ရာက ကတ်​​ကြေးဖြင့် ထိုးစဉ်​ အသက်​ ၁ နှစ်​ကိုးလအရွယ်​ က​လေးငယ်​ကို ထိမိ၍ သေဆုံး

အင်းစိန်​မြို့နယ်​တွင်​ လူကြီးချင်းစကားများရန်​ဖြစ်​ရာက ကတ်​​ကြေးဖြင့်ထိုးခဲ့ရာ အသက်​ ၁ နှစ်​ကိုးလ အရွယ်​ က​လေးငယ်​ကို ထိမိပြီး ​သေဆုံးခဲ့သည်ဆိုမှုကို ​အောက်​တိုဘာ ၃၁ ရက်​​တွင် သက်ဆိုင်ရာက အမှုဖွင့် အ​ရေးယူခဲ့​ကြောင်း သိရသည်​။

​အောက်​တိုဘာ၂၉  ရက်​​နေ့ ည ၁၀ နာရီခွဲ အချိန်​ခန့်တွင်​ အင်းစိန်​မြို့နယ်​ တညင်းကုန်းရပ်​ကွက်​ GE.​ရေစက်​ဝင်းနယ်​​မြေ(၁)​နေ ​တိုင်တန်းသူအမျိုးသမီး ​နေအိမ်​ရှိနေ​စဉ်​ လွန်​ခဲ့​သည့် နှစ်ရက်​ခန့်က စကားများ ရန်​ဖြစ်​ခဲ့ဖူးသူ အိမ်​ချင်းကပ်​ ​နေထိုင်​သူ ဝင်းဇော်​ဦးနှင့် ၎င်း၏ဇနီး ငုဝါလှိုင်​တို့ ​ရောက်​ ရှိလာပြီး ဝင်းဇော်​ဦးက အသင့်ယူလာ​သော ကတ်​​ကြေးဖြင့် တိုင်တန်းသူအမျိုးသမီးအားထိုးစဉ် နံ​ဘေးတွင်​ အိပ်​​နေ​သော   အသက်​၁ နှစ်​ကိုးလ အရွယ်​ရှိ သမီးဖြစ်​သူ မသဇင်​ ၏ ညာဘက်​နားအ​နောက်​သို့ထိုးမိခဲ့သည်​။ ထို့နောက် ကတ်​​ကြေးဖြင့် ထိုးသူဝင်း​ဇော်​ဦးနှင့် ဇနီးဖြစ်​သူ ငုဝါလှိုင်​ တို့ထွက်​​ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်​။

အင်းစိန်မြို့မရဲစခန်းက (ပ)၂၂၃၃/၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆/၅၀၆/၁၁၄  ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ၎င်း​နေ့တွင်​  ပြစ်​မှုကျူးလွန်​သူ ဝင်း​ဇော်​ဦးကို ဖမ်းဆီးရမိပြီး ဇနီးဖြစ်​သူ ငုဝါလှိုင်​ မှာ ထွက်​​ပြေးတိမ်းရှောင်​​နေ​သဖြင့် ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိသည်​။

ကတ်ကြေးဖြင့် ထိုးမိသူ ကလေးငယ်ကို အင်းစိန်​​ဆေးရုံ မှ တစ်ဆင့် ရန်​ကုန်​ပြည်​သူ့ဆေးရုံသို့ တင်​ပို့ကုသစဉ်​  ​သေဆုံးခဲ့​သော​ကြောင့် ​အင်းစိန်​မြို့မရဲစခန်းက မူလဖွင့်လှစ်​ထားသည့် ရာဇသတ်​ကြီးပုဒ်​မ ၃၂၆/၅၀၆/၁၁၄ မှ   ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ သို့ ​ပြောင်းလဲ အ​ရေးယူခဲ့​ကြောင်းသိရသည်​။