အသက်မပြည့်သေးသူ အမျိုးသမီးငယ်ကို ခိုးယူကာ သားမယားပြုကျင့်ခဲ့သည်ဆိုသူကိုအမှုဖွင့်

အသက်မပြည့်သေးသူ အမျိုးသမီးငယ်ကို ခိုးယူကာ သားမယားပြုကျင့်ခဲ့သည်ဆိုသူကိုအမှုဖွင့်

အသက်မပြည့်သေးသူ အမျိုးသမီးငယ်ကို ခိုးယူကာ သားမယားပြုကျင့်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု လှိုင်သာယာမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်ကဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၅  နာရီ အချိန်ခန့်တွင်  တိုင်ကြားသူ အမျိုးသမီး နေအိမ်တွင်ရှိ နေစဉ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းတက်ရောက် သင်ကြားနေသူ အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူမှာ သူငယ်ချင်းထံသို့ သွားမည်ဟုပြောဆိုကာ ထွက်သွားခဲ့ရာက ပြန်ရောက်မလာသဖြင့် စုံစမ်းရှာဖွေခဲ့သည်။

ထိုသို့ စုံစမ်းရှာဖွေစဉ်  တစ်ရပ်ကွက်တည်းနေ အသိမိတ်ဆွေတစ်ဦးက သမီးဖြစ်ငယ်ကို အမှတ် (၁၈)ရပ်ကွက်-ဗိုလ်တာရာလမ်းမပေါ်တွင် ကိုကိုနိုင်၊ ဇော်ဇော်ဝင်းတို့နှင့်အတူတွေ့ရှိရကြောင်း ပြောပြ သိရှိသဖြင့် ကိုကိုနိုင်ကို အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့  ခေါ်ယူမေးမြန်း ခဲ့သည်။

စုံစမ်းချက်အရ သမီးဖြစ်သူကို ဇော်ဇော်ဝင်းက ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့နယ်နိဗ္ဗာန်ကျေးရွာ အုပ်စုကံကြီးထောင့်ကျေးရွာသို့ခိုးပြေးမည်ဖြစ်ကြောင်းနှင့်ဒဂုံဧရာအဝေးပြေးဝန်းသို့လိုက်ပို့ပေးခဲ့ခြင်းဖြစ် ကြောင်း ပြောပြသိရှိခဲ့သည်။ ထိုသို့သိရသဖြင့် အောက်တိုဘာ  ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ အချိန်ခန့်တွင် ရပ်မိရပ်ဖများနှင့်အတူ  အဆိုပါကျေးရွာသို့ သွားရောက်စဉ် သမီးဖြစ်သူကို တွေ့ရှိခဲ့ရပြီး မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ၎င်းတို့မှာ လွန်ခဲ့သော ၃နှစ်ခန့်မှစတင်ချစ်ကြိုက်ခဲ့ပြီး ယခုခိုးပြေးစဉ် သားမယားအဖြစ်(၁)ကြိမ် ပေါင်း သင်းဆက်ဆံခဲ့ကြောင်း သိရပြီး မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသူ အမျိုးသမီးကို ခိုးယူကာ သားမယားအဖြစ်ပြုကျင့်သူ လှိုင်သာယာမြို့နယ်နေ ဇော်ဇော်ဝင်း(၁၈) နှစ်ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက (ပ)၁၀၇၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့်အရေးယူထားသည်။