မြစ်ဝမြေ ရေကရှား ကျေးလက် အိုအေစစ်ကြီးများ

မြစ်ဝမြေ ရေကရှား ကျေးလက် အိုအေစစ်ကြီးများ

ရန်ကုန်-မြောင်းမြ ကားလမ်းမပေါ်မှာ တည်ရှိတဲ့ဦးအေးသိန်းတို့ ကံကြီးရွာသားတွေအဖို့ ပွင့်လင်းရာသီရောက်လာပြီဆိုရင် သောက ရောက်ရစမြဲပါ။ ရွာနံဘေးကကံကြီးချောင်းအတွင်း တသွင်သွင်စီးနေတဲ့ ရေပြင်ကျယ်ဟာ ရွာသားတွေရဲ့ သောကအပူမီးကို ငြှိမ်းသတ်နိုင်ခြင်းငှာ မစွမ်းသာပါဘူး။

အကြောင်းကတော့ ပွင့်လင်းရာသီရောက်လာရင် ဒီရွာလေးမှာ သောက်သုံးရေ ရှားပါးလာလို့ပဲဖြစ်ပါတယ်။

မြောင်းမြခရိုင်အတွင်း ပါဝင်တဲ့ ကံကြီးရွာမှာ အိမ်ခြေပေါင်း ၁၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၇၀ဝ နီးပါး နေထိုင်ပါတယ်။ ဦးအေးသိန်းကတော့ ရွာမှာ ၁၉၈၉ ကတည်းက အခြေချ နေထိုင်ခဲ့သူဖြစ်ပါတယ်။

ဦးအေးသိန်းတို့ ကံကြီးရွာသားတွေဟာ ရေရှားပါးတဲ့ဒဏ်ကို ၂၀၁၇ နှစ်ကုန်အထိ ခံစားခဲ့ကြရပါတယ်။

"အရင်တုန်းက တပေါင်းနဲ့ တန်ခူးလဆိုရင် တစ်ရွာလုံးမှာ ရေတွင်းတစ်တွင်းပဲရှိတော့ ရေကို စောင့်ခပ်ယူရတာ၊ လုံလုံလောက်လောက် မရဘူး"လို့ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ သူက ဆိုပါတယ်။

သူပြောတဲ့ တစ်ခုတည်းသော ရေတွင်းဆိုတာကတော့ သူတို့ရွာမှာရှိတဲ့ ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်းကလက်လုပ်ရေတွင်းပဲ ဖြစ်ပါတယ်။ ပူပြင်းရာသီမှာဆိုရင်သောက်သုံးရေရဖို့ မနက်၊ ညနေ လူအယောက် ၃၀ လောက်တိုးဝှေ့ပြီး ရေကို အလုအယက် ခပ်ယူကြရပါတယ်။

ကံကြီးရွာအပြင် အိမ်နီးချင်းရွာတချို့ပါ ဒီရေတွင်းကိုမှီခိုရတာကြောင့် ရေက မကြာခဏဆိုသလို ခန်းခြောက်လေ့ရှိပါတယ်။

"နွေရာသီဆို ဒီတွင်းတစ်တွင်းကိုပဲ ရွာသုံးရွာက လာခပ်နေရတာတွေရှိတော့ ရေခန်းသွားတာတောင် ရှိတယ်။ခပ်တာများတော့ တွင်းရေက အနည်ထပြီး တွင်းချေးစော်နံလို့ သုံးမရတော့တဲ့အခြေအနေထိပါပဲ။ အဲဒီကျတော့ရေအနည်ထိုင်တဲ့အထိ စောင့်ရတယ်"လို့ ကံကြီးရွာသူဒေါ်ခင်မာရီက ပြောပါတယ်။

အခုက သိုလှောင်ကန်ကနေအသင့်ယူရုံပဲဆိုတော့ ကံ့ကော်တွင်း မှာ ရေသိပ်မခပ် ကြတော့ဘူး။ အဲဒီ အနီးအနားမှာ နေတဲ့သူလောက်ပဲ ခပ်ကြတော့တယ် ...

ဒီလို တွင်းရေခန်းခြောက်လာတဲ့အခါ ကံကြီးရွာသားတွေအဖို့ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းများများစားစားမရှိပါဘူး။ ကံကြီးချောင်းက ရေကို ခပ်ယူပြီး သုံးစွဲကြဖို့ပဲ ရှိပါတော့တယ်။ ချောင်းရေဖြစ်လို့ မသန့်ရှင်းတဲ့အပြင် အနည်တွေ ပါလာတတ်တာမို့ ကျောက်ချဉ်နဲ့စိမ်၊ အနည်ချပြီး ရက်အနည်းငယ် သိုလှောင်ကြပါတယ်။ အဲဒီကမှကြည်လင်တဲ့ရေကို သောက်ရေအဖြစ် ကျိုချက်သောက်သုံးကြတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၇ ကုန်ခါနီးမှာ ကံကြီးရွာခံတွေအတွက်သောက်သုံးရေသန့်ရရှိဖို့ အလှည့်အပြောင်းတစ်ခု ကြုံလာပါတယ်။

စင်ကာပူအခြေစိုက် ူငနည ဗှီု ဆိုတဲ့ အဖွဲ့အစည်းက ကံကြီးရွာ သောက်သုံးရေရရှိရေးအတွက် ကူညီမယ်လို့ဆိုလာပါတယ်။ ူငနည ဗှီု ဟာ အကျိုးအမြတ်မယူဘဲအာရှဒေသတစ်လွှား ရေသန့်ရရှိရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာမြှင့်တင်ဖို့ လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

၂၀၁၇ မှာ အဲဒီအဖွဲ့အစည်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘိုကလေး၊ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲနဲ့ လပွတ္တာမြို့တွေမှာ ပြည်သူလူထုကိုယ်တိုင် ပါဝင်စီမံခန့်ခွဲတဲ့ ရေရရှိရေး အစီအစဉ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ စတင် အကောင်အထည်ဖော်ပါတယ်။

"၂၀၁၆ ကုန်ခါနီးလောက်မှာ ူငနည ဗှီု ကို ဆက်သွယ်မိတယ်။ အထက်ကလည်း ဒီရွာဆိုတာ သင့်တော်တယ်ဆို ပြီးတော့ ချပေးတာထင်တယ်။ ကျွန်တော် တို့ဆီမှာ တကြွ်ကဆောင်ရွက်မယ့်သူတွေ ရှိတာကိုး"လို့ ကံကြီးကျေးရွာအုပ်စုစာရေး ဦးကျော်တေဇာက ပြောပါတယ်။

၂၀၁၇၊ နိုဝင်ဘာမှာ အဲဒီအဖွဲ့အစည်းဟာ ကံကြီးကျေးရွာကို ရောက်ရှိလာပြီး သောက်သုံးရေသန့်ရနိုင်မယ့်မြေနေရာကို စမ်းသပ်ရှာဖွေပါတယ်။ နောက်ဆုံးတော့ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်း ရေသန့်ရရှိတဲ့နေရာကိုပဲ ရွေးချယ်လိုက်ပြီး အဝီစိတွင်း တူးဖော်ခဲ့ပါတယ်။ ရေအရည်အသွေး အသုံးပြုဖို့ အဆင်ပြေပြီဆိုတော့မှဘုရားဝင်းအတွင်း ဂါလန် ၈--ဝ၀ ဆံ့ ရေလှောင်ကန်တစ်ကန်နဲ့ အုပ်ချုပ်ရေးမ∙းရုံး အနီးမှာ ၁ç၆၀ဝ ဂါလန်ဆံ့ ရေလှောင်ကန်တစ်ကန်ကို ူငနည ဗှီု က တည်ဆောက်ခဲ့ပါတယ်။

၂-ဝ၁၈၊ ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး ကံကြီးရွာသားတွေဟာ ပွင့်လင်းရာသီရောက်ရင် သောက်သုံးရေ ရှားပါးမယ့် ဒဏ်ကို လုံးဝ မမှုတော့ပါဘူး။ ရေရရှိရေး စီမံကိန်းက ရေကို သူတို့ စတင်သုံးစွဲနေကြပြီဖြစ်ပါတယ်။

"အခုက သိုလှောင်ကန်ကနေ အသင့်ယူရုံပဲဆိုတော့ ကံ့ကော်တွင်းမှာ ရေသိပ်မခပ်ကြတော့ဘူး။ အဲဒီအနီးအနားမှာ နေတဲ့သူလောက်ပဲ ခပ်ကြတော့တယ်"လို့  ဒေါ်ခင်မာရီက ပြောပါတယ်။ 

ရေသိုလှောင်ကန်နှစ်ခုကနေ တစ်ရွာလုံးကို နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့ ရေပမာဏဟာ ပျမ်းမျှအားဖြင့် ဂါလန် ၁çဝ၀ဝ လောက်ရှိတယ်လို့ ရေစီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒီပမာဏဟာ ကံကြီးကျေးရွာအုပ်စုမှာ ပါဝင်တဲ့ မကွေးပိုင်း၊ လက်ခုပ်၊ ကွက်ပြင်၊ ထော်ရီ၊ ကုလားစုနဲ့ ကြာဘိတ်စတဲ့ ကျေးရွာတွေကိုလည်း ထောက်ပံ့ပေးတဲ့ ရေပမာဏဖြစ်ပါတယ်။ 

ကံကြီးကျေးရွာအုပ်ချုပ်ရေးမ∙း ဦးစိုးသိန်း ဦးဆောင်တဲ့ ရေစီမံခန့်ခွဲရေးကော်မတီဟာ လစဉ် ၂၅ ရက် ဝန်းကျင်ရောက်ပြီဆို ရေစက်မောင်းတဲ့သူကို ပေးရမယ့် ရေတင်ခ၊ ဝယ်ရမယ့် စက်သုံးဆီ၊ ရေမော်တာနဲ့ တခြားအသုံးပြုတဲ့ စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းစရိတ်အတွက်ရန်ပုံငွေ လှည့်လည်ကောက်ခံပါတယ်။

ဒီလို စရိတ်စကတွေ နုတ်ပြီးလို့ ကျန်တဲ့ ရန်ပုံငွေနဲ့ ရွာရဲ့လမ်းဆုံ လမ်းခွတွေမှာ ရေဘုံဘိုင်တွေ တည်ဆောက်ဖို့ ကော်မတီက စီစဉ်နေပါတယ်။ ဒါမှသာ တစ်နေရာတည်းကို စုပြုံပြီး လာစရာမလိုဘဲ၊ ကိုယ်နဲ့ နီးရာ နီးရာမှာ ရေခပ်ယူနိုင်မယ်လို့ ကော်မတီဝင်တွေက ဆိုပါတယ်။

"နီးစပ်ရာ ရွာသူရွာသားတွေက အဝေးကြီး သွားခပ်စရာ မလိုတော့ဘူး၊ ဒီကလာယူရုံပါပဲ"လို့ ဦးစိုးသိန်းက ပြောပါတယ်။

အခုအချိန်မှာတော့ ကံကြီးရွာရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ နှစ်တွေကလို ပွင့်လင်းရာသီရောက်တိုင်း သောက်သုံးရေအတွက် သောကမီးပွားရမယ့် အခြေအနေမျိုး လုံးဝမဟုတ်တော့ပါဘူး။ ဒေသခံတွေကိုယ်တိုင် ပါဝင် စီမံခန့်ခွဲတဲ့ ရေရရှိရေးနည်းစနစ်အကြောင်း သတင်းကောင်းဟာ မြောင်းမြခရိုင်အတွင်းသာမက အိမ်နီးချင်းဖြစ်တဲ့ အိမ်မဲခရိုင်အထိပါ ပျံ့နှံ့ပြီး ချီးကျူးခံနေရပါတယ်။

ဦးအေးသိန်းတစ်ယောက်ကတော့ ဒီနွေမှာ ရေခန်းမှာကို စိတ်မပူတော့ပါဘူး။

"နွေရာသီရောက်မယ်ဆိုရင်တောင် ရေသန့် အခက်အခဲ မရှိနိုင်တော့ ဘူး။ ဒီလိုအခြေအနေကြည့်ရတာတော့ တပေါင်း၊ တန်ခူးလည်း အဆင်ပြေလိမ့်မယ် ထင်တယ်" လို့ သူက ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး