အင်အားမပြနိုင်တော့တဲ့ အင်အားကြီးနိုင်ငံများ

အင်အားမပြနိုင်တော့တဲ့ အင်အားကြီးနိုင်ငံများ

ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတက ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ဝင်မဖြေရှင်းပေးတော့ဘဲ သူ့ရဲ့ နိုင်ငံခြား ရေးဝါဒက ]မူအရ လက်တွေ့ဆန်တယ်}လို့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ဒီပေါ်လစီဟာ လက်တွေ့မဆန် သလို မူအရလည်း လက်ခံနိုင်စရာမရှိပါဘူး။

ကုလသမဂ္ဂအထွေထွေညီလာခံဟာ အရေးပါတဲ့ သံတမန်ရေးဆိုင်ရာ ပွဲတစ်ခုဖြစ်တယ်။ ထုံးစံအတိုင်း ဒီနှစ်မှာလည်း ကမ္ဘာ့ခေါင်းဆောင် အများအပြားဟာ စက်တင်ဘာလကုန်မှာ တွေ့ဆုံခဲ့ကြတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ ကမ္ဘာကြီးရဲ့ ဘယ်ပြဿနာမှာမှ ပါဝင်ဖြေရှင်းပေးလိုခြင်း မရှိဘူးလို့ ပြောပေမဲ့ ကံမကောင်းစွာဘဲ သူက တစ်ယောက်တည်း မဟုတ်ဘူး။

ကျွန်တော်တို့လို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက အရေးပါတယ်လို့ ခံယူထားသူတွေအတွက် အထွေထွေ ညီလာခံဟာ စိတ်ဓာတ်ကျစရာ မြင်ကွင်းကျယ်လိုပဲ။ တချို့ခေါင်းဆောင်တွေရဲ့ "အမျိုးသားအကျိုးစီးပွားကိစ္စ"အမည်ခံ ကိုယ်ကျိုးရှာမှုတွေကြောင့် စစ်အေးတိုက်ပွဲ ပြီးကတည်းက အဆိုးဆုံးအခြေအနေ ရောက်နေတယ်။ ဒါပေမဲ့ အမျိုးသားရေး အကျိုးစီးပွားကို ရှေးရှုတာဟာ စိတ်ဝမ်းကွဲတာတွေရဲ့ အဓိကအကြောင်းရင်းမဟုတ်ဘူး။

ဘယ်လို စီးပွားရေးတိုးတက်မှုမျိုးအတွက်ပဲဖြစ်ဖြစ် ဂလိုဘယ်လိုက်ဇေးရှင်းဟာ လူတချို့ကို စိတ်ရှုပ်စေ တယ်။ အနောက်နိုင်ငံက အရေးပါတဲ့ နိုင်ငံရေးအင်အားစု တွေဟာ မညီမျှမှုတွေများလာတာကို မျက်ကွယ်ပြုပြီး ဈေးကွက်စီးပွားရေးကိုပဲ ဦးတည်နေတာကြောင့် ဆင်းရဲ မှုတွေ လျင်လျင်မြန်မြန် လျော့ကျလာတယ်။ ဒါပေမဲ့ လူအားလုံးကတော့ အဲဒါနဲ့ပတ်သက်ပြီး ကျေနပ်နေတာ မဟုတ်ဘူး။

ကမ္ဘာ့စီးပွားရေးကို လည်ပတ်နေတာ ကုန်ပစ္စည်း ဝန်ဆောင်မှုနဲ့ ငွေကြေးတွေတင်မကဘူး။ စိတ်ကူး အကြံ Óဏ်တွေလည်းပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ဒီမိုကရေစီလိုပဲ ကိုယ့်ဘာသာကိုယ် ပြန်ဖျက်ဆီးလို့ရတဲ့ အတွက် အားနည်းချက်ရှိတယ်။ ဒါကိုသိတဲ့ ဒေါ်နယ် ထရမ့်နဲ့ သူ့ရဲ့ ]အမျိုးသားရေးပထမ}ဝါဒကို ထောက်ခံ ကျင့်သုံးသူတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်တဲ့ အယူအဆတွေကို ပျံ့နှံ့အောင် လုပ်ဆောင် နေကြတာဖြစ်တယ်။

အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတုန်း မစ္စတာ ထရမ့်က "ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာဝါဒကို ဆန့်ကျင်ပြီး အမျိုးသားရေးဝါဒကိုပဲ ထောက်ခံတယ်"လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ပိုလန်နိုင်ငံလို သူ့လမ်း ကြောင်းလိုက်တဲ့ နိုင်ငံတွေကို ရက်ရက်ရောရော ချီးကျူး ခဲ့တယ်။ ဘရာဇီးလ်နိုင်ငံမှာသာ လက်ယာအစွန်းရောက် ဝါဒီ Jair Bolsonaro  အာဏာရလာရင် အမျိုးသားရေး ဝါဒီတွေ ပိုပြီးတောင် အင်အားကောင်းလာဦးမယ်။

ဒါပေမဲ့ အဲဒီဝါဒနှစ်ခုဟာ တွဲလို့မရတာမဟုတ်ဘူး။ ထရမ့်က အမျိုးသားရေးဝါဒကို တိုင်တည်တာဟာ ဒေသတွင်း ယိမ်းယိုင်မှုတွေကို ဖုံးကွယ်ချင်လို့ပဲဖြစ် တယ်။ ဒီလို စိတ်ကူးတွေချပြတဲ့သူဟာ ဘွင်းဘွင်းရှင်းရှင်း သူ့ဝါဒတွေကို တင်ပြတတ်သူဖြစ်တာကြောင့် အဲဒီ ထောင်ချောက်ထဲမှာ ကျွန်တော်တို့မိမသွားဖို့လိုတယ်။ ဒါပေမဲ့ ထရမ့်အစိုးရဟာ လူအထင်ကြီးအောင်လုပ်ပြဖို့ ကိစ္စအတွက် ပူပန်မှုတွေရှိနေတယ်ဆိုတာကလည်း သက်သေအခိုင်အမာရှိတယ်။

တခြားဥပမာတွေ အများကြီးရှိတယ်။ ကုလသမဂ္ဂမှာ သမ္မတ ထရမ့်က သူ့ဝါဒကို "စည်းကမ်းတကျဖြစ်နေတဲ့ သဘာဝဖြစ်ရပ်"လို့ အမွှန်းတင်ခဲ့တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ သဘာဝကျတယ်ဆိုတာ အဖွဲ့အစည်း တွေကို အဆင့်လျှော့ပစ်လိုက်ပြီး နိုင်ငံတွေကို အဓိကထား တဲ့အခြေအနေဖြစ်တယ်။ လူ့အခွင့်အရေး စတဲ့ အရည် အသွေးတွေဟာ ဘေးဖယ်ခံထားရပေမဲ့ နိုင်ငံတွေဟာ သူတို့အကျိုးစီးပွားအတွက် အခါအားလျော်စွာ အသုံးချ တာမျိုးရှိတယ်။

ဒါဟာ ထရမ့်က အီရန်အစိုးရဖိနှိပ်တာကို ဝေဖန်တဲ့ နေရာမျိုးမှာ ကျင့်သုံးပုံဖြစ်တယ်။ ဒါပေမဲ့ ဘယ်စစ်မှန်တဲ့ သဘာဝ ဝါဒသမားကမှ အီရန်ရဲ့ခြိမ်းခြောက်မှုကို ပုံကြီး ချဲ့နေမှာမဟုတ်သလို ကင်ဂျုံအန်းရဲ့ ချီးမွမ်းပြောဆိုတဲ့ အတုအယောင် စကားတွေမှာ သာယာနေမှာမဟုတ်ဘူး။

ထရမ့်က ကုလသမဂ္ဂမှာ အမေရိကန်ဟာ ကမ္ဘာကို အုပ်စိုးဖို့ထက် လွတ်လပ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အသားပေးမယ်လို့ ပြောတယ်။ အမှန်တော့ ပူးပေါင်း ဆောင်ရွက်မှုဟာ သူ့ဝါဒနဲ့ ဆန့်ကျင်နေတယ်။ ဥပမာ အားဖြင့် သဘာဝ၀ါဒီသမား တစ်ယောက်သာဆိုရင် အမေရိကန်က တရုတ်ကို ချုပ်ချယ်ကန့်သတ်ချင်ရင် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ပိုထောက်ပံ့မှာပဲ။

ဒါပေမဲ့ ထရမ့်အစိုးရက အဲဒီနိုင်ငံတွေအတွက် လုံခြုံ ရေးဘယ်လောက်ပေးထားနိုင်သလဲဆိုတာ မေးခွန်းထုတ် စရာဖြစ်လာတယ်။ ဒါကြောင့် ဥရောပသမဂ္ဂလို ထရမ့်ရဲ့ မဟာမိတ်တွေကတောင် ထရမ့်ဟာ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်လေးတယ်လို့ ထင်လာကြတယ်။ သူက ပူးပေါင်းဆောင် ရွက်ရင်တောင် အမေရိကန်အတွက် ဗျူဟာအရ အရေးပါ တဲ့နိုင်ငံတွေကို မျက်နှာသာပေးလေ့မရှိဘူး။

တရုတ်နဲ့ပတ်သက်ရင် အမေရိကန် သံတမန်တွေဟာ ပြိုင်ဘက်ဆိုတဲ့ အသုံးအနှုန်းကို ပွင့်ပွင့်လင်းလင်းသုံး ကြတယ်။ အခုလက်ရှိဖြစ်နေတဲ့ ကုန်သွယ်ရေးနဲ့ နည်းပညာစစ်ပွဲတွေအပြင် တောင်တရုတ်ပင်လယ် အခြင်းများမှု တွေဟာ ထိန်းချုပ်လို့မရနိုင်တဲ့ နိမိတ်ဆိုးတွေလိုပဲ။

ဘာပဲဖြစ်ဖြစ် ဘက်ပေါင်းစုံပါဝင်တဲ့ အစိုးရတွေကို ထောက်ပံ့နိုင်မယ်ဆိုရင် ချိန်ခွင်ညှိပြီးသားဖြစ်သွားမယ်။ တရုတ်ဟာ နိုင်ငံတကာ သတ်မှတ်ချက်တွေကို လိုက်နာလေ့မရှိပေမဲ့ အရေးကြီးတာက အဲဒါတွေကို ထိန်းသိမ်း ထားဖို့ပဲ။ ဒါပေမဲ့ အမေရိကန်က စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုလိုမျိုးမှာ အဲဒါတွေကို လိုက်နာဖို့ အတင်း ခိုင်းနေတယ်။

အထွေထွေညီလာခံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက လူမျိုးကြီးဝါဒကို ခါတိုင်းလို ဇောင်းပေးမပြောဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့ကို ငါးကြိမ်ထက်မနည်း ပြောသွားတယ်။ ထရမ့်က ဒါကို ဆက်ပစ်ပယ်ရင် တရုတ်တင်မကဘဲ အမေရိကန်ရဲ့တိုးတက်မှုကိုပါ နှေးကွေးစေလိမ့်မယ်။

ရာသီဥတုပြောင်းလဲမှုလို ထရမ့်အစိုးရက ပစ်ပယ်ထား တဲ့ အရေးကိစ္စမျိုဟာ ပူးပေါင်းဆောင်ရွက်မှုသာမရှိရင် ပိုဆိုးလာမှာပဲ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးပြဿနာတွေ ဖြစ်နေတဲ့အချိန်မျိုးမှာ အမေရိကန်လို အင်အားကြီး နိုင်ငံက ဘေးရှောင်နေရင် ဘာကောင်ကျိုးတွေမှဖြစ်လာ မှာမဟုတ်ဘူး။ 

(ဤဆောင်းပါးသည် ဟာဗီးယား ဆိုလာနာ(Javier Solana)  ၏အာဘော်သာဖြစ်သည်။ သူသည် ဥရောပ သမဂ္ဂ  High Representative for Foreign and Security Policy  ၊ နေတိုးအဖွဲ့ အတွင်းရေးမ·ူးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိ သူသည်ESADE Centre for Global Economy and Ecopolitics, Distinguished Fellow at the Brookings Institution နှင့်  World Economic Forum's Global Agenda Council on Europe ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။