ဘရာဇီးလ်ရွေးကောက်ပွဲ ဘိုလ်ဆိုနာရို အနိုင်ရ

ဘရာဇီးလ်ရွေးကောက်ပွဲ ဘိုလ်ဆိုနာရို အနိုင်ရ

ရီယိုဒီဂျနေရိုး ”  စစ်အေးတိုက်ပွဲခေတ် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက် လက်တင်အမေရိကတိုက်၏ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးလ်တွင် ထင်ရှားသော လက်ယာစွန်းဝါဒီဘက် အပြောင်းအလဲအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဘရာဇီးလ်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲ၌ အသက် ၆၃ နှစ် အရွယ်ရှိ အမျိုးသားရေးဝါဒီ ဘိုလ်ဆိုနာရိုက မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ 

မဲစာရင်း ၁၀ဝ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးနောက် တရားဝင် ရလဒ်များအရ လက်ယာစွန်းဝါဒီ ဥပဒေပြုအမတ်နှင့် စစ်တပ် ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဂျာ ဘိုလ်ဆိုနာရိုက လက်ဝဲစွန်းဝါဒီ ဖာနန်ဒို ဟာဒက်အား မဲရလဒ် ၅၅ ရာခိုင်နှုန်း အသာစီးဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းအနိုင်ရရှိခဲ့မှုက လက်ယာစွန်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အမေရိကန်၊ ဟန်ဂေရီမှ ဖိလစ်ပိုင်နိုင်ငံတို့အနက် ဘရာဇီးနိုင်ငံက တစ်နိုင်ငံ ပါဝင်လာခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကဲ့သို့ နိုင်ငံရေးအထက်တန်းလွှာများနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လူမှုကွန်ရက်အခြေပြု မဲဆွယ်စည်းရုံးမှုကို ဂျာ ဘိုလ်ဆိုနာရိုက ဆောင်ရွက်ခဲ့သည်။ ဘိုလ်ဆိုနာရိုက ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အမျိုးသမီးများ၊ လိင်တူချစ်သူများနှင့် လူမျိုးနွယ်စုများ၏ ထောက်ခံမှုရရှိအောင် ဖန်တီးနိုင်ခဲ့သည်။ 

၎င်း အနိုင်ရရှိခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် တိုက်ရိုက်ရေးသားခဲ့မှုတွင် ဘိုလ်ဆိုနာရိုက  ထောင်ဒဏ်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးသွားမည်ဟု ကြုံးဝါးခဲ့သော လက်ဝဲစွန်း အလုပ်သမားပါတီဝင်များအပါအဝင် ၎င်း၏နိုင်ငံရေး ပြိုင်ဘက်များကို ရည်ရွယ်ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံက ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ပြည်သူလူထု အကျိုးမျှော်ဝါဒ၊ လက်ဝဲစွန်းဝါဒတို့နှင့် ဆက်လက် စိတ်မကစားသင့်တော့ကြောင်း ဘိုလ်ဆိုနာရိုက ပြောကြားခဲ့သည်။

ထို့ပြင် ဘရာဇီးလ်နိုင်ငံ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်ကြရန် တောင်းဆိုခဲ့သည်။ "ဒီနိုင်ငံဟာ ဘရာဇီးလ်လူမျိုးတွေပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ကွဲပြားခြားနားတဲ့ထင်မြင်ချက်တွေ၊ အရောင်တွေ၊ ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်ဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဥပဒေဟာ အားလုံးအတွက်ဖြစ်ရမယ်" ဟု ဘိုဆိုနာရိုက ထည့်သွင်းပြောကြားခဲ့သည်။

ဘိုလ်ဆိုနာရိုက အောက်တိုဘာလအစောပိုင်း ရွေးကောက်ပွဲ ပထမအကျော့၌ အနိုင်ရရှိခဲ့သော်လည်း မဲအရေအတွက် တိုက်နေသဖြင့် ထပ်မံမဲပေးခြင်းကို ရှောင်ရှားနိုင်ခြင်းမရှိခဲ့ပေ။ ဘရာဇီးလ်နိုင်ငံ အကြီးဆုံးမြို့တော် ဆော်ပေါ်လို မြို့တော်ဝန်အဖြစ် သက်တမ်း တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဘိုလ်ဆိုနာရို၏ပြိုင်ဘက် ဟက်ဒက်က ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းမည့် တိုက်ပွဲတစ်ခုအဖြစ် ရွေးကောက်ပွဲကို ပုံဖော်ခဲ့သည်။ 

အကျင့်ပျက်ခြစားမှုနှင့် ပြည့်နှက်နေသော နိုင်ငံရေးလူတန်းစား ကို ယုံကြည်မှုမရှိတော့သည့်အချိန်၊ စီးပွားရေးကျဆင်းမှုနှင့် ရာဇဝတ်ဂိုဏ်းသတ်ဖြတ်မှုများ မြင့်တက်လာသော အချိန်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကျဆင်းမှု ကာကွယ်လိုသူတစ်ယောက်ဖြစ်သည့် ဘိုလ်ဆိုနာရိုက မဲဆွယ်စည်းရုံးစဉ် ဈေးကွက်လွတ်လပ်မှုရှိစေရန် အကျုံးဝင်အောင် ကြိုးပမ်းခဲ့သည်။ ထို့ပြင် အကျင့်ပျက်ခြစားမှုနှင့် အလုပ်သမားပါတီတို့မှာ ၎င်း၏ အဓိကပစ်မှတ်များဖြစ်သည်။ 

၁၉၈၅ ခုနှစ်တွင် ဒီမိုကရေစီရရှိခဲ့ပြီးနောက် သမ္မတနှစ်ဦး စွဲချက်တင်ခံခဲ့ရပြီး တစ်ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယခုလက်ရှိ ဘရာဇီးလ်ခေါင်းဆောင်မှာ အကျင့်ပျက်ခြစားမှုနှင့် စွဲချက်တင်ခံထားရသည်။ 

အောက်လွှတ်တော်အမတ် သုံးပုံတစ်ပုံခန့်မှာ ကုမ္ပဏီကြီးများနှင့်ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရသည်။