ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာဖွယ်မရှိ

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာဖွယ်မရှိ

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာဖွယ်မရှိဘဲ တောင်တရုတ်ပင်လယ် အရှေ့မြောက်ဘက် သို့ပြန်လည် ဝင်ရောက် သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးဦးလှထွန်းက နိုဝင်ဘာ ၁ ရက်၌ပြောဆိုသည်။

" အဲ့မုန်တိုင်းက မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုမရှိပါ ။ အခုတောင်အားပျော့နေပြီ ။ အရှေ့မြောက်ကို ပြန်လည်ကွေ့သွားဖို့ရှိတယ် ။ မိုးလေဝသ လေထုအခြေအနေအရ မြန်မာနိုင်ငံဘက် ကိုလာဖို့အခြေအနေမရှိဘူး ။ အကြွင်းအကျန်တိမ်တိုက်တောင်လာဖို့ အခြေအနေမရှိပါဘူး" ဟု၎င်းကပြောဆိုသည်။

နိုဝင်ဘာ ၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ၊ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး