ငါးသေတ္တာရေခဲပုံးများအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၉၀၀၀၀ ကျော် သိမ်းဆည်းရမိ

ငါးသေတ္တာရေခဲပုံးများအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၉၀၀၀၀ ကျော် သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ငါးသေတ္တာရေခဲပုံးများအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၉၇၅၀၀ ကို သက်ဆိုင်ရာက နိုဝင်ဘာ ၁ ရက်နေ့က သိမ်းဆည်းခဲ့ပြီး စုံစမ်းလျက်ရှိကြောင်း သက်ဆိုင်ရာ၏ ကနဦးသတင်းများအရသိရသည်။

ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက် ၁၀ နာရီ တွင် စစ်တွေမြို့မှ ဘူးသီးတောင်သို့ ဆိပ်ကပ်လာသည့်  အောင်ကျော်မိုးသင်္ဘောပေါ်တွင် စိတ်ကြွဆေးပြားများပါရှိလာကြောင်း ရဲတပ်ဖွဲ့မှ သတင်းအရ စစ်ဆေးရှာဖွေခဲ့သည်။

အဆိုပါ သင်္ဘောပေါ်တွင် ငါးများထည့်သွင်းလာသည့်  သေတ္တာပုံးအတွင်း သိုဝှက်ယူဆောင်လာသည့် ကလာတန်ဖိုး ကျပ် ၁၉၅၀၀ တန်ဖိုးရှိ  စိတ်ကြွဆေးပြား  ၉၇၅၀၀၀ ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး အဆိုပါ စိတ်ကြွဆေးများနှင့်ပတ်သက်၍ စစ်တွေမှ ငါးပုံးများသင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့သည့် ပစ္စည်းပိုင်ရှင်နှင့် လက်ခံရယူမည့်သူများကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။