အီဂျစ်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၈ အင်တာနေရှင်နယ်စီးရီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် Future Arena ယူ- ၁၅ တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် ဇော်လင်းထူးတို့ကို နိုဝင်ဘာ ၂ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ကျပ်၁၀သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ အာရှနှင့်ဥရောပနိုင်ငံများမှ နာမည်ကြီးကစားသမားများကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းသည်။
ယခုကဲ့သို့ဗိုလ်စွဲခဲ့ခြင်းကြောင့် ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်၏ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည့် စာရင်းအရ ကမ္ဘာ့အဆင့် ၁၅၄သို့ ရောက်ရှိခဲ့ပြီး ယခင်ထက် ၂၆ဆင့်မြင့်တက်ခဲ့သည်။















