ရက်ပါများက ဗီဒီယိုဖိုင်တစ်ခု ထုတြ်ပန်ပြီး ဝေဖန်မှုကို ထိုင်းအစိုးရသည် ကိုယ်ပိုင်ရက်သီချင်းတစ်ပုဒ်ဖြန့်ချိပြီး တုံ့ပြန်လိုက်ပြီဖြစ်သည်။
နိုဝင်ဘာ ၁ ရက်တွင် ဖြန့်ချိလိုက်သည့် ထိုင်းနိုင်ငံ ၄ ဒသမ ဝ အမည်ရှိ ရက်ဗီဒီယိုတစ်ခုတွင် ညီလာခံတက်ရောက်လာသူ ၅၀ဝ ခန့်အား ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မှတ်ချက်စကားပြောဆိုနေပုံကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုင်းနိုင်ငံရေးအပေါ် စစ်တပ်က လွှမ်းမိုးထားခြင်းကို ဝေဖန်ထားသည့် ပရာသတ် ကူမီး( ဒါဟာ ကျွန်တော်တို့နိုင်ငံ) အမည်ရှိ ရက်ဗီဒီယိုကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ပရာသတ်ကူမီး ဗီဒီယိုကို ယူကျု၌ အောက်တိုဘာ ၂၂ ရက်တွင် တင်ခဲ့ပြီး ယခုအချိန်အထိ ဝင်ရောက်ကြည့်ရှုမှု ၂၅ သန်းကျော်ရှိသွားပြီဖြစ်သည်။ ဗီဒီယိုပရာယွတ်သည် အာဏာရရှိခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ မျိုးချစ်စိတ်ထက်သန်ရေးသီချင်းများစွာကို ရေးသားခဲ့ပြီးဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ ၄ ဒသမ ဝ သီချင်းကို နားထောင်ရသူများကမူ သီချင်းမှာ ထူးခြားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
သီချင်းသည် နိုင်ငံတော်သီချင်းသံစဉ်နှင့် ခပ်ဆင်ဆင်ဖြစ်ပြီး အရည်အချင်းရှိတဲ့ ထိုင်းနိုင်ငံသားတွေ အများကြီးပါ၊ တို့တွေ လက်တွဲဆောင်ရွက်ရင် ပိုမိုအင်အားကြီးလာမှာ၊ နိုင်ငံသားတွေသာ သဘောတူရင် ဗိုလ်ချုပ်အမ်၊ ဗိုလ်ချုပ်ဇက်၊ ဘယ်ဗိုလ်ချုပ်ဖြစ်ပါစေ ပိုမိုလွယ်ကူမှာပါ ဆိုသည့် စာသားလည်းပါဝင်သည်။
ပရာသတ် ကူမီးသီချင်းသည် မတည်ငြိမ်မှုများရှိလာအောင် လှုံ့ဆော်ထားသောကြောင့် ကွန်ပျူတာရာဇဝတ်မှုဥပဒေကို ချိုးဖောက်နေကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
သီချင်းရှိစာသားများသည် အစိုးရကိုသာမက တစ်နိုင်ငံလုံးကိုပါ စော်ကားနေကြောင်း အစိုးရ၏ပြောခွင့်ရှိသူ ဗတ်ဒီပွန်ဆေ ပန်နာကန်တာကပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ဟစ်ဟော့သည် မကျေနပ်ချက်များကို ထုတ်ဖော်ရာ ကြားခံတစ်ခုဖြစ်လာသောကြောင့် ပရာသတ်ကူမီးကို လူကြိုက်များဖြစ်ကြောင်း ရက်ပါတစ်ဦးဖြစ်သည့် ဒီချာသွန် ဘမ်ရွန်မွန်က နိုဝင်ဘာ ၁ ရက်တွင်ပြောဆိုခဲ့သည်။

















