မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရှောက်တောကျေးရွာအုပ်စု ဆင်သေကွေ့ကျေးရွာ ကိုယ့်အားကိုယ်ကိုး ရွှေဆံပင် သံကူကွန်ကရစ် သင်ပုန်းချောင်း ကူးတံတား တည်ဆောက်လျက်ရှိရာ အဆိုပါ တံတားတည်ဆောက်နေမှုပြီးစီးရန် အလှူရှင် များ လိုအပ်နေကြောင်း သိရသည်။
အလှူရှင်လိုအပ်
ရှောက်တောကျေးရွာအုပ်စုတွင် ရှောက် တောကျေးရွာ၊ ဆင်သေကွေ့ကျေးရွာ၊ ပုလဝါ ကျေးရွာ၊ ညဏ်ကန်ကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာများပါဝင်ပြီး အိမ်ထောင်စု ၂၀ဝ ခန့် နှင့် လူဦးရေ ၉၀ဝ ကျော် နေထိုင်လျက်ရှိကာ အဆိုဒေသမှ ဒေသခံများမှာ ဝမ်းတွင်းဈေး၊ သဲတောဈေးနှင့် အခြားဈေးများသို့သွားရောက် ရောင်းချမှုများပြုလုပ်ရာတွင် ဆင်သေကွေ့ ကျေးရွာ၏အရှေ့ဘက်ရှိ သင်ပုန်းချောင်းကို ဖြတ်ကျော်၍ သွားလာရောင်းဝယ်နေရသည်။
အဆိုပါသင်ပုန်းချောင်းမှာ မိုးရွာသွန်းမှု များသည့်အခါ တောင်ပုလုဆည်နှင့် ရွှေသာ လျောင်းဆည်တို့မှ ရေလွှတ်သည့်အခါများ နှင့် တောင်ကျရေများ ကျဆင်းလာသည့်အခါ များတွင် နှစ်စဉ်အဟန့်အတားများဖြစ်ပေါ် လျက်ရှိသဖြင့် ရာသီချိန်ခါမရွေး သွားလာ နိုင်ရန် နတ်ကန်ကျောင်းဆရာတော်ကြီး၏ မိန့်ကြားချက်ဖြင့် ရန်ကုန်မြို့ မြေလတ်ဆရာ တော်၊ သရက်တောကျောင်းဆရာတော်တို့ ဦးဆောင်၍ ကျေးရွာသူကျေးရွာသားများ ပူးပေါင်းပြီး သင်ပုန်းချောင်းကူးတံတားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခြင်းလုပ်ငန်း အား ၂၀၁၈ ခုနှစ် မေ ၁ ရက်တွင် စတင် လုပ်ကိုင်ခဲ့ကြရာ ၅၅ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ သည်။ အလှူရှင်များနှင့် ဒေသခံပြည်သူတို့၏ စုပေါင်းထည့်ဝင်ငွေ ကျပ်သိန်း ၁ç၂၀ဝ ခန့် အား သုံးစွဲခဲ့သည်။ ယခုအခါ အဆိုပါသံကူ ကွန်ကရစ်တံတားပြီးစီးရန် အလှူရှင်များလိုအပ် လျက်ရှိသည်။
ကုန်ကျမည်
အဆိုပါ သင်ပုန်းချောင်းကူးတံတားမှာ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ချဉ်းကပ်ခုံ နှစ်ခုနှင့် ရေလယ်တိုင် သုံးတိုင် ပါဝင်ကာ အောက်ခံအုတ်မြစ်အဖြစ် (၂ ပေ/ ၆ လက်မ) ဘိုးတိုင်အမျိုးအစားဖြစ်ကာ ပင်မ တံတားအရှည် ပေ ၁၈၀ ရှည်လျားပြီး ချဉ်းကပ် လမ်းမှာ တစ်ဖက်တစ်ချက် ပေ ၂၀ဝ ခန့်ရှိ၍ တံတားအကျယ်မှာ ယာဉ်သွားလမ်းနှင့် လူသွား လမ်းအပါအဝင် ၁၅ ပေရှိပြီး တံတားခံနိုင် ဝန်မှာ ယာဉ် + ကုန် ၁၅ တန်ဖြစ်ပြီး အဆိုပါ တံတား၏ ခန့်မှန်းကာလတန်ဖိုးငွေမှာ ငွေကျပ် ၂,၃၅၆ သိန်းကုန်ကျမည်ဖြစ်သည်။
ဆက်သွယ်လှူဒါန်းနိုင်
ဆင်သေကွေ့ကျေးရွာ ရွှေဆံပင်ချောင်း ကူးသံကူကွန်ကရစ်တံတား တည်ဆောက်နေ မှုကို ဆက်သွယ်လှူဒါန်းလိုပါက ဖုန်း - ဝ၉- ၇၉၈၆၃၈၇၃၁၊ ဝ၉-၇၈၀၂၄၆၇၂၂ တို့သို့ဆက် သွယ်လှူဒါန်းနိုင်ကြသည်။















