လဲချားမြို့နယ်၌မဲရုံ ပေါင်း ၃၆ ရုံနှင့် မဲပေးခွင့်ရှိသူ ၃၉၃၂၀ ဦးရှိသည်။ ကြိုတင်မဲပေးခွင့်ရှိသူ ၅၀ဝ ကျော်နှင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်သုံး ဦးရှိသည်။
လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ပါတီမှ ဒေသခံရှမ်းတိုင်းရင်းသားကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်သည်။
ကြိုတင်မဲပေးထားသည့် စစ်တပ်နှစ်တပ်၊ သုံးရာကျော်အပြင် အရပ်သား နှစ်ရာကျော် စုစုပေါင်း ၅၀ဝ ကျော်ရှိသည်။ လဲချားမြို့မှ မြို့ပေါ်ရပ်ကွက်နည်းပြီး ကျေးရွာများနေရာ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှု၊အားနည်းမှုများကြောင့် သွားလာရလွယ်ကူသည့် ကျေးရွာများပေါင်းကာ ငါးရွာတစ်ရုံ ခြောက်ရွာတစ်မျိုးမဲရုံထားပေးရကြောင်း လဲချားမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
"အသက် ၆၀ ကျော်မှာ မဲပေးရတာဒါနဲ့ဆို နှစ်ခါရှိပြီ အဆင်ပြေပါတယ်။ ဈေးရောင်းရမှာမို့ အစောလာပေးတာ။ ကိုယ်ကြိုက်တဲ့ပါတီကိုပေးခဲ့တာ"ဟု အသက် ၆၀ ကျော်အဖွားဒေါ်အေးက ပြောသည်။
''ရဲတပ်ဖွဲ့ကလည်း အထူးလုံခြုံရေးအဖြစ် ခရိုင်အဆင့်ညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်ရာနဲ့ လုံးခြုံးရေးချိုးဖောက်မှုမရှိစေဖို့ ဆောင်ရွက်ပေးနေကြောင်း လဲချားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်းကပြောသည်။
ပြည်တွင်းမှ စောင့်ကြည့်သည့်အဖွဲ့များအပြင် နိုင်ငံပေါင်း သုံးနိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့စည်း များလည်းလာရောက်လေ့လာကြသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့သည့်နေရာဖြစ်သည်။
လဲချားမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၉ အုပ်စု ကျေးရွာပေါင်း ၁၆၉ ရွာမြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ရှိသည်။
၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၃-နေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူစုစုပေါင်း ၁,ဝ၇၄,၆၇၂ ဦး ရှိသည်။
မြတ်မိုးသူ


















