ကြားဖြတ်ရွေးကောက်ပွဲအတွက်စစ်ကိုင်းတိုင်းဒေသကြီးတမူးမြို့နယ်မဲရုံအားလုံးကိုနိုဝင်ဘာလ၃ရက်နံနက်၆နာရီတိတိတွင်ဖွင့်လျင်ဖွင့်ကာအများပြည်သူများဆန္ဒမဲ များစတင်ပေးကြကြောင်းသိရသည်။
``မနက်ခင်းအလုပ်မသွားခင်စောစောသွားပေးလိုက်တာဘဲ။ကိုယ်လုပ်ရမယ့်တာဝန်ကျေပွန်ဖို့လိုတယ်လေ။လတ်တလောမြင်ရတာကတော့မဲပေးတာစိတ်ဝင်စားကြပါတယ်´´ဟုတမူးဒေသခံဆန္ဒမဲပေးခဲ့သူတစ်ဦးကပြောသည်။တမူးမြို့နယ် ရပ်ကွက်ငါးရပ်ကွက် ကျေးရွာအုပ်စု ၁၅စုတွင်ကြားဖြတ်ရွေးကောက်ပွဲမဲရုံပေါင်း(၃၈)ရုံ၌ မဲပေးနိုင်သူအတည်ပြုမဲစာရင်းအရ(၃၅၄၃၄)ဦးရှိကြောင်းသိရသည်။
``ရွေးကောက်ပွဲနေ့ဒီကနေ့မနက်၆နာရီတိတိမဲရုံအားလုံးမှာပြည်သူတွေဆန္ဒမဲစတင်ပေးကြပါတယ်။၆နာရီမထိုးခင်ကတည်းက မဲရုံရေ့မှာမဲပေးဖို့စနစ်တကျတန်းစီနေကြတာတွေ့ရတယ်။တမူးကြားဖြတ်ရွေးကောက်ပွဲမှာတောပြည်သူလူထုစိတ်ဝင်စားမှုမြင့်တာကိုတွေ့ရပါတယ်။တည်တည်ငြ်မ်ငြိမ်နဲ့အေးအေးချမ်းချမ်းရှိပါတယ်´´ဟုစစ်ကိုင်းတိုင်းရွေးကောက်ပွဲအရာရှိဦးအောင်မျိုးလွင်ကပြောသည်။ကြားဖြတ်ရွေးကောက်ပွဲမဲရုံပေါင်း(၃၈)ရုံကိုဇုန်များခွဲကာ ရဲတပ်ဖွဲ့ဝင်(၁၄၂)ဦးနှင့်အတူအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဆယ်အိမ်မှုးများဖြင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်လျက်ရှိကြောင်းသိရသည်။
``တမူးကြားဖြတ်ရွေးကောက်ပွဲကိုANFRELအဖွဲ့နဲ့ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့PACEအဖွဲ့ဝင်တွေစာင့်ကြည့်လေ့လာနေပြီး သတင်းမီဒီယာအဖွဲ့(၈)ဖွဲ့ကသတင်းထောက်(၁၃)ဦးကမဲပေးတာတွေကိုသတင်းရယူနေကြပါပြီ။နိုဝင်ဘာလ၁ရက်နဲ့၂ရက်ကကြိုတင်မဲပေးခဲ့ကြတာ မဲဆန္ဒနယ်ပြင်ပမဲဆန္ဒရှင်က(၆၃)ဦးမဲဆန္ဒနယ်အတွင်းကကြိုတင်မဲ(၁၀၄၉)ဦးပေးခဲ့ကြပါတယ် ´´ဟုဦးအောင်မျိုးလွင်က
ပြောကြားသည်။


















