ပြစ်ဒဏ်ကျခံနေရသူများနှင့် အချုပ်ခံရသူများဥပဒေပါ အခွင့်အရေးများရရှိရေးအတွက်စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးမျိုးမောင်က နိုဝင်ဘာ၂ရက်တွင် ရွှေဘိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
"နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရဲ့ သြဂုတ် ၁၈ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးကိုလာတဲ့ခရီးစဉ်မှာ လမ်းညွှန်ခဲ့တဲ့အတိုင်း အကျဉ်းထောင်ထဲမှာအထိမ်း သိမ်းခံထားရတဲ့အကျဉ်းသားအကျဉ်းသူတွေ အချုပ်သားအချုပ်သူတွေ ကိုလူ့အခွင့် အရေးစံချိန်စံညွှန်းနဲ့အညီထားရှိဖို့နဲ့ သူတို့ကိုလူ့အခွင့်အရေးချိုးဖောက်တာတွေမ ရှိစေရအောင်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။အကျဉ်းထောင်တာဝန်ခံအရာရှိကိုလည်းမှာ စရာရှိတာမှာကြားခဲ့ပါတယ်"ဟုတရားလွှတ်တော်တရားသူကြီး ဦးမျိုးမောင်က ပြောဆိုသည်။
တရားလွှတ်တော်တရားသူကြီး ဦးမျိုးမောင်သည် ရွှေဘိုအကျဉ်းထောင်အတွင်း အပြစ်ကျခံနေရသူများနှင့် အချုပ်ခံနေရသူများ၏အ ဆောင်များ စားဖိုဆောင် သောက်သုံးရေကန် ဆေးခန်းတို့ကိုလှည့်လည်ကြည့်ရှုစစ် ဆေးသည်။ ဆက်လက်၍ဥပဒေနှင့်အညီရသင့်ရထိုက်သောအခွင့်အရေးများခံစားရရှိ ခြင်းရှိ-မရှိ လူ့အခွင့်အရေးဆုံးရှုံးမှုရှိ-မရှိ နေရာထိုင်ခင်းသက်သာချောင်ချိမှုရှိ-မရှိ သင့်တင့်သောအစာအာဟာရ ရရှိမှုရှိ-မရှိ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့် ရှိ-မရှိ ညှင်းပန်းနှိပ်စက်မှုနှင့်မတရားပြုမှုရှိ-မရှိ အကျဉ်းသူ-အချုပ်သူများအမျိုးသမီး လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရှိမှုရှိ-မရှိများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းကာ လိုအပ်ချက်များကို ညှိုနှိုင်းအကြံပြုခဲ့ကြောင်းသိရသည်။
ရွှေဘိုထောင်တာဝန်ခံအရာရှိရုံးခန်း၌ ရွှေဘိုအကျဉ်းထောင်တာဝန်ခံအရာရှိဦးဇော်ထွန်းက ပြစ်ဒဏ်ကျနေရသည့်အကျဉ်းသားအကျဉ်းသူများ အမှုစစ်ဆေးဆဲအချုပ်ခံရသူများ၏အခြေအနေ ကျန်းမာရေးစောင့်ရှောက်မှု နေရာထိုင်ခင်းနှင့်စား သောက်မှု ရေရရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။
















