စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု ညွှန်းကိန်းတွင် အင်ဒိုနီးရှား အဆင့်၇၃သို့ လျှောကျ
၂၀၁၉အတွက်ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအညွှန်းကိန်းတွင် အင်ဒိုနီးရှားက အဆင့် ၇၃ သို့ လျှောကျခဲ့သည်။
ယင်းသို့ လျှောကျခဲ့ခြင်းမှာ သမ္မတ ဝီဒိုဒိုက နောက်နှစ်တွင် အဆင့် ၄၀ဖြစ်ရမည်ဟုမျှော်မှန်းပြောဆိုခဲ့ခြင်းနှင့်ဆန့်ကျင်လျက်ရှိသည်။
ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအညွှန်းကိန်းတွင် ရမှတ်ပေါင်း အမှတ်၁၀ဝတွင် ၆၇ဒသမ၉၆ မှတ်ရပြီး ၁ဒသမ၄၂မှတ် သာတိုးတက်ခဲ့သည်။
ယမန်နှစ်က ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအညွှန်းကိန်းတွင် ရမှတ်ပေါင်း အမှတ်၁၀ဝတွင် ၆၆ဒသမ၅၄ မှတ်ရပြီး ၂ဒသမ၂၅မှတ် တိုးတက်ခဲ့သည်။
















