လားရှိုး မန်ဆူကျောင်း၌ခိုလှုံနေသော တိုက်ပွဲရှောင်ဒေသခံများ နေရပ်ပြန်

လားရှိုး မန်ဆူကျောင်း၌ခိုလှုံနေသော တိုက်ပွဲရှောင်ဒေသခံများ နေရပ်ပြန်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကျောင်းတွင် ခိုလှုံ နေသော တိုက်ပွဲရှောင် များမှာ နိုဝင်ဘာ ၂ ရက်က နေရပ်ပြန်ပြီဖြစ် သည်။

နေရပ်ပြန်

လားရှိုးမြို့နယ် မန်ပြိန်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၆ ရက်က တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ပစ်ခတ်မှုများကြောင့် လားရှိုးမန်ဆူရှမ်းကျောင်း၌ ခိုလှုံနေရသော တိုက်ပွဲရှောင်ရွာသားများ နိုဝင်ဘာ ၁ ရက်ကစတင်၍ နေရပ်ပြန်ပြီဖြစ်ကြောင်း ကူညီပေးနေ သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

"နိုဝင်ဘာ ၁ ရက်ကစပြီး ပြန်တာပါ။ နိုဝင်ဘာ ၂ ရက်မှာတော့ မိုင်းတောင်ရွာသားတွေနဲ့ မန်ပြိန်ရွာသားတွေ ပြန်မှာပါ။ နေ့လယ် စာစားပြီးရင် ကားတွေနဲ့ ပြန်ပို့မှာပါ"ဟု တိုက်ပွဲရှောင်များကို ကူညီ ပေးနေသူ ဒေါ်နွဲ့သီက ပြောဆိုသည်။

လားရှိုး-နမ္မတူသွား ကားလမ်းဘေး လားရှိုးမြို့နှင့် ၁၂ မိုင်ခန့်ဝေး သော မန်ပြိန်ကျေးရွာအနီး အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းကျေး ရွာနှင့် အနီးဝန်းကျင်မှ ရွာသားများ လားရှိုးမြို့သို့ ထွက်ပြေးတိမ်း ရှောင်လာကြခြင်းဖြစ်သည်။

ကူညီပေး

"ဒီလိုပဲ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီဆိုရင် ထွက်ပြေးလာကြတာ ပါ။ ငြိမ်သွားပြီဆိုရင် ပြန်သွားကြတယ်။ ပြေးလာတော့လည်း ကူညီ ပေးရတာပါပဲ။ လူသားချင်းစာနာစိတ်နဲ့ လူမျိုးဘာသာ မခွဲခြားဘဲ ကူညီပေးနေရတာပါ"ဟု လူမှုကူညီရေးအသင်းမှ ဦးတက်တိုးက ပြော ဆိုသည်။

အဆိုပါ မန်ဆူရှမ်းကျောင်းတွင် တိုက်ပွဲရှောင် ၁၀ဝ၀ ကျော် ရှိရာ နိုဝင်ဘာ ၁ ရက်က ၈၀ဝ ခန့် နေရပ်ပြန်သွားပြီး ကျန်ရှိနေသည့် ရွာသားများလည်း နေရပ်သို့ နိုဝင်ဘာ ၂ ရက်တွင် အကုန်ပြန်သွား ကြပြီဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး