တက္ကသိုလ်ကစားသမားဟောင်းများ သက်ကြီးပူဇော်ပွဲနှင့် ဂုဏ်ပြုဆုပေးပွဲကျင်းပ

တက္ကသိုလ်ကစားသမားဟောင်းများ သက်ကြီးပူဇော်ပွဲနှင့် ဂုဏ်ပြုဆုပေးပွဲကျင်းပ

တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း(ရန်ကုန်) က ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တစ်မိနစ်ငြိမ်သက်

အခမ်းအနားတွင် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဘန်နီတင်အောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ကန်တော့ခံသက်ကြီးတက္ကသိုလ် ကစားသမား ဟောင်းများအား ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် ကွယ်လွန်သွားကြပြီးဖြစ်သော တက္ကသိုလ်ကစားသမား ဟောင်းများအတွက် အောက်မေ့သတိရအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့သည်။

ထို့နောက်တွင်  ကန်တော့ခံသက်ကြီးတက္ကသိုလ် ကစားလုံးသမားဟောင်းများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် တက္ကသိုလ်လက်ရွေးစင် ကစားသမား ဟောင်းကြီးများဖြစ်သည့် ဦးထွန်းမရ၊ ဦးစိုးမြင့်နှင့် ဦးအောင် ခင်တို့က မုဒိတာစကားပြောကြားကြသည်။ ဆက်လက်ပြီး တက္ကသိုလ်ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင်ကကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက္ကသိုလ် ကစားသမား ဟောင်းများ၏ သားသမီးများအား ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တက္ကသိုလ်ဘောလုံးအသင်းတွင် နည်းပြ တာဝန်ထမ်းဆောင်ခဲ့သူ ရှစ်ဦးနှင့် ၂၀၁၈ မြန်မာနေရှင်နယ် လိဂ်ချန်ပီယံ ရန်ကုန်အသင်း၊ လိဂ်-၂ ချန်ပီယံ ဒဂုံအသင်း တို့အား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး