ပေါက်မြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်ခတ်

ပေါက်မြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်ခတ်

ပေါက်မြို့အနီး ဗဟိုပြု၍ နိုဝင်ဘာ ၄ ရက် နံနက် ၂ နာရီကျော်က အင်အားအနည်းငယ်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာလ (၄) ရက် ၂ နာရီ၊ ၄၂မိနစ်၊ ၅၅ စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၂ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏ မြောက်-အနောက်မြောက်ဘက် (၂၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁ ဒသမ ၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၄၁ ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး