ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် ဓာတ်လှေကားဖွင့်လှစ်

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် ဓာတ်လှေကားဖွင့်လှစ်

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ တည်ဆောက်ပြီးစီးသွားသည့် ဓာတ်လှေကားဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဇော်ဝင်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားပြီး ဂေါပကအဖွဲ့နာယက ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်း၊ ပဲခူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် အလှူရှင် အဘွားဒေါ်တင်တင်တို့က ဓာတ်လှေကားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်း ကျောက်စာကို အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက်  ရင်ပြင်တော်ပေါ်ရှိ ဂေါပက အဖွဲ့ရုံးတွင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါ စရိယပဲခူးမြို့ မြို့မစာသင်တိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ကြပြီး သြဝါဒါစရိယကြခတ်ဝိုင်း ဆရာတော်ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ရေစက် ချတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါဓာတ်လှေကားသည် အမြင့် ၁၇ ပေရှိပြီး ဓာတ်လှေကားတည်ဆောက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိစေ ရေး အနီးကပ်ကြီးကြပ်ရန်အတွက် ကော်မတီ ဖွဲ့စည်းထားရှိကာ ရန်ကုန်မြို့နေ အလှူရှင် ဒေါ်တင်တင်မိသားစုက ငွေကျပ်သိန်း ၁,၅၀ဝ  အကုန်ကျခံလှူဒါန်းမှုဖြင့် Specturm Light Group ကုမ္ပဏီက တာဝန်ယူတည်ဆောက် ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး