အမြန်လမ်းမတွင် ယာဉ်အန္တရာယ်ကင်းရေး တပ်ထားသည့် အကာအရံနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရ

အမြန်လမ်းမတွင် ယာဉ်အန္တရာယ်ကင်းရေး တပ်ထားသည့် အကာအရံနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရ

အမြန်လမ်းမကြီးပေါ် လမ်းဘေးဝဲယာတွင် ယာဉ်အန္တရာယ်မဖြစ်စေရန်တပ်ဆင်ထားသည့် Guardrails. အကာအရံ သံတန်းများနှင့်ငုတ်တိုင်များ၊ ချိတ်ဆက်များ ခိုးယူခံခဲ့ရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။

" ဖြုတ်ယူထားတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိထားသေးတယ်။ တရားခံတော့ မမိသေးဘူး" ဟု အဆိုပါရဲအရာရှိက ပြောသည်။ 

နိုဝင်ဘာ ၃ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ ဘောနီစခန်း ဝါးကတုတ်ရဲကင်းအပိုင် မိုင်တိုင် ၄၃/၇-၄၄/ဝ အကြား လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် နှစ်ဦးက မသင်္ကာဖွယ် ကင်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်ကို တွေ ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်စေခိုင်းခဲ့စဉ် ဆိုင်ကယ်ပေါ်ပါသူနှစ်ဦးက ဆိုင်ကယ်အားထားခဲ့ပြီး လမ်းဘေးတောတွင်းသို့ ထွက်ပြေးသွားခဲ့သည်။ 

၄င်းတို့ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်ပေါ်ပါ. အထုပ်သုံးထုပ်ကို စစ်ဆေးရာ အမြန်လမ်းလမ်းဘေး. Guardrails. အကာအရံ သံတန်းများနှင့်ငုတ်တိုင်များအားချိတ်ဆက်သော သံကွင်း ၃၂ ခု ငုတ်တိုင်အဖုံး ၃၁ခု မီးကျောက် လေးခု အကာအရံတန်း ငုတ်တိုင်အရှည် ၃၀ခု အတို ၂၆ ခု ခွဆိုဒ်စုံ ခုနစ်ချောင်း ဝက်အူလှည့်တစ်ချောင်း Rivo အမျိုးအစားနက်ပြာရောင် ဖုန်းတစ်လုံး (09443685597 ဆင်းကတ်) အား တွေ့ရှိခဲ့သည်။ 

" သူတို့ကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားပါတယ်" ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။