အာဆီယံဖူဆယ်ပြိုင်ပွဲ ဆီမီးသို့တက်ရန် ယုံကြည်ထားဟု ဦးဌေးမြင့် ဖွင့်ဟ

အာဆီယံဖူဆယ်ပြိုင်ပွဲ ဆီမီးသို့တက်ရန် ယုံကြည်ထားဟု ဦးဌေးမြင့် ဖွင့်ဟ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၄ရက် မွန်းလွဲပိုင်းက ယိုဂျကာတာမြို့ရှိ The Rich ဟိုတယ်၌ ကျင်းပခဲ့သည်။

ယုံကြည်ထား

မြန်မာဖူဆယ်အသင်းသည် အုပ်စု(က)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ကမ္ဘောဒီးယားအသင်းတို့နှင့် အတူကျရောက်လျက်ရှိပြီး အုပ်စုမှတက်ရန် ခက်ခဲမည်ဖြစ်သော်လည်း ဆီမီးဖိုင်နယ်အတွက် ယုံကြည်ချက်ရှိသည်ဟု နည်းပြချုပ် ဦးဌေးမြင့်က ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

" ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ အသင်းကောင်းတွေပါ။ ကမ္ဘောဒီးယားအသင်းကလည်း အကောင်းဆုံးပြင်ဆင်လာမှာ ဖြစ်လို့ ပေါ့လို့မရပါဘူး။ အုပ်စုကတက်ဖို့ ခက်ခဲမယ်ဆိုပေမယ့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ဦးဌေးမြင့်က ပြောဆိုခဲ့သည်။

တတိယဆုရရှိခဲ့

အာဆီယံဖူဆယ်ပြိုင်ပွဲကို နိုဝင်ဘာ ၅ရက်(ယနေ့)မှ ၁၁ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် ယနေ့တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ နိုဝင်ဘာ ၆ရက်တွင် ကမ္ဘောဒီးယား၊ ၇ရက်တွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့်နှစ်ဖူဆယ်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းကို အနိုင်ယူကာ တတိယဆုရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး