တနင်္သာရီမြို့နယ်တွင် ရာဘာပေါင်းဖိုရုံ မီးလောင်

တနင်္သာရီမြို့နယ်တွင် ရာဘာပေါင်းဖိုရုံ မီးလောင်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အနောက်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် ရာဘာပေါင်းဖို အလုပ်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 

ညောင်ပင်ကွင်း အနောက်ကျေးရွာရှိ သွပ်မိုး၊ သွပ်ကာ၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိသော မြေညီထပ် ရာဘာပေါင်းဖို ရုံသည် ပေါင်းဖို မီးကြွင်း မီးကျန်မှတစ်ဆင့် အနီးနားရှိ ဝါးလုံးသို့ ကူးစက်ပြီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနရုံးက အတည်ပြုခဲ့သည်။ 
အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ရွာသား ၂၀ ဦး စုစုပေါင်း ၃၅ ဦးဖြင့် မီးငြိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် ရာဘာပေါင်းဖို တစ်လုံး ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် အခင်း ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးများဖြင့် ကနဦးငြှိမ်းသတ်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ မီးလောင်မှုတွင် တာဝန်ရှိသူကို တနင်္သာရီမြို့နယ် ရဲစခန်းက(ပ) ၁၀၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး