ဆူဇူကီးဖလား ပွဲစဉ်အားလုံး ရုပ်သံမှ တိုက်ရိုက်ပြမည်

ဆူဇူကီးဖလား ပွဲစဉ်အားလုံး ရုပ်သံမှ တိုက်ရိုက်ပြမည်

အာဆီယံဒေသတွင်း၌ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်များအားလုံးကို စကိုင်းနက်ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

တိုက်ရိုက်ထုတ်လွှင့်ဆူဇူကီးပြိုင်ပွဲကို နိုဝင်ဘာ ၈ရက်မှ ဒီဇင်ဘာ ၁၅ရက်အထိကျင်းပမည်ဖြစ်ပြီး ပွဲစဉ် ၂၆ပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ် ၂၆ပွဲစလုံးကို စကိုင်းနက်ရုပ်သံလိုင်း၏ Sports ချန်နယ်များမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ယခုနှစ်ဆူဇူကီးပြိုင်ပွဲကို စနစ်သစ်ဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်အသင်းများသည် အုပ်စုအဆင့်တွင် အိမ်ကွင်းနှစ်ပွဲ၊အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ခံကစားမည်မြန်မာအသင်းသည် နိုဝင်ဘာ ၁၂ရက်တွင် ကစားမည့် ကမ္ဘောဒီးယားနှင့်ပွဲစဉ်၊ နိုဝင်ဘာ ၂၀ရက်တွင် ကစားမည့် ဗီယက်နမ်နှင့်ပွဲစဉ်များကို အိမ်ကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ရက်တွင် ကစားမည့် လာအိုနှင့်ပွဲစဉ်၊ နိုဝင်ဘာ ၂၄ရက်တွင် ကစားမည့် မလေးရှားနှင့်ပွဲစဉ်များကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆူဇူကီးပွဲစဉ်များကို အခပေးရုပ်သံလိုင်းဖြစ်သည့် စကိုင်းနက်မှတိုက်ရိုက်ပြသမည်ဖြစ်သော်လည်း အခမဲ့ရုပ်သံလိုင်းများတွင် တိုက်ရိုက်ပြမည်၊မပြမည်ကိုမှု ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးပေ။



ဖတ်ရှုမှုအများဆုံး