သုံးဘီးယာဉ် သေနတ်နှင့် အပစ်ခံရသဖြင့် ယာဉ်မောင်းသေဆုံး

သုံးဘီးယာဉ် သေနတ်နှင့် အပစ်ခံရသဖြင့် ယာဉ်မောင်းသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကျွဲနှစ်ကောင်တင်လာသည့် သုံးဘီးယာဉ် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းသေဆုံးခဲ့မှု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၉ နာရီခန့်တွင် ကျောက်မဲမြို့နေ ညိုလုံး(ခ) ထက်မြတ်(၂၅ နှစ်)မောင်းနှင်သည့် သုံးဘီး ထော်လာဂျီယာဉ်သည် သားသတ်လိုင်စင်ရရှိထားသည့် ကျွဲနှစ်ကောင်ကို စခန်းသာမှကျောက်မဲ သို့ပို့ဆောင်ရန် ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ( ၁၀၃/၁) အနီးအရောက် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။ 
ညိုလုံး(ခ)ထက်မြတ်တွင် ဦးခေါင်းဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာ၏ အခင်းဖြစ်ရပ်စစ် ဆေးချက်အရပစ်ခတ်ခံရသည့်နေရာ လမ်း၏ယာဘက်ခြမ်း ပေ(၄၀)ခန့်အကွာရှိ ညောင်ပင်အောက်၌ သေနတ်ကျည်ဆန်ခွံ (၁၂)ခုကို ရှာဖွေသိမ်းဆည်းရရှိခဲ့သည်။
သုံးဘီးယာဉ်နှင့် ကျွဲနှစ်ကောင်တွင်လည်း သေနတ်ကျည်ဆန်ရာများ တွေ့ရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၃၇/၁၈၊ ပြစ်မှုပုဒ်မ ၃၀၇/ ၃၂၈/ ၄၂၉ အရ အမှုဖွင့်အရေးယူထားသည်။