မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင် လှုပ်ခတ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင် လှုပ်ခတ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့အနီး ဗဟိုပြု၍ နိုဝင်ဘာ ၆ ရက် နံနက် ၂ နာရီကျော်က အင်အားအနည်းငယ်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာ ၆ရက် နံနက် ၂ နာရီ ၁၈ မိနစ် ၃၆စက္ကန့်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၁ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်တွင်းကြီးမြို့၏ တောင်ဘက် ၂၅ မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် ၁၉ ဒသမ ၆၄ | အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၅၂ ဗဟိုချက် အနက် (၃၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး ၄ ဒသမ ဝ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။ 

ယခုနှစ်ဆန်းပိုင်းတွင် မြေငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၃၂ကြိမ်|ဖေဖော်ဝါရီလတွင် အင်အား အသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၁၃ကြိမ်| မတ်လတွင် အင်အားအသင့် အတင့် နှင့်အင်အားနည်းမြေငလျင် ၁၀ကြိမ်နှင့်ဧပြီလတွင်လည်း အင်အားအသင့်အတင့်နှင့်အင်အားနည်း မြေငလျင် ၁၉ ကြိမ်လှုပ်ခတ်ခဲ့သည်။

ထို့အတူ မေလတွင် အင်အားအသင့်အတင်နှင့် အင်အားအနည်းငယ်မြေငလျင် ကိုးကြိ်မ်| ဇွန်လတွင် အင်အားအတင့်အသင့်နှင့်အင်အားနည်း မြေငလျင် ၁၅ ကြိမ်နှင့် ဇူလိုင်လတွင် အင်အားအတင့်အသင့်နှင့် အင်အားနည်းမြေငလျင် ခုနစ်ကြိမ်၊ သြဂုတ်လတွင်လည်း အင်အားအနည်းငယ်နှင့်အင်အားအတင့်အသင့် မြေငလျင် ရှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ထို့ပြင် စက်တင်ဘာလတွင် အင်အားအသင့်အတင့်နှင့် အင်အားနည်း မြေငလျင် ရှစ်ကြိမ်၊ အောက်တိုဘာတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ကိုးကြိမ်နှင့် ယခုလတွင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး