ကျောက်တန်း၌ တောင်သူများအား ပဲတီစိမ်းမျိုးများလှူဒါန်း

ကျောက်တန်း၌ တောင်သူများအား ပဲတီစိမ်းမျိုးများလှူဒါန်း

မိုးရာသီတွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော ကျောက်တန်းမြို့နယ်အတွင်းမှ ကျေးရွာ ၄၃ ရွာရှိ တောင်သူလယ်သမား ၁၆၅၂ ဦး၊ လယ် ဧက ၈၅၄၀ ဧကအား ပဲတီစိမ်းမျိုးလှူဒါန်းပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ကျောက်တန်းမြို့  ဆင်ကန်ရပ်ကွက်၌ ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ထိုင်ဝမ်ဗုဒ္ဓဘာသာအဖွဲ့အစည်း  (TAIWAN BUDDHIST TZU CHI FOUNDATION)တို့က ပဲတီစိမ်းမျိုးတစ်ဧက လျှင် ၁၅ ကီလိုဂရမ် နှုန်းဖြင့် တောင်သူများထံ လှူဒါန်းခဲ့သည်။

တက်ရောက်

အဆိုပါ ပဲတီစိမ်းမျိုးများ လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားသို့  ကျောက်တန်းမြို့မှ  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်  ဒေါ်အေးမြမြမျိုး၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဇော်မိုးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသန့်၊ ထိုင်ဝမ်ချီကျိ ဗုဒ္ဓဘာသာဖောင်ဒေးရှင်းမှ မြန်မာ ပြည်တာဝန်ခံ ဦးကျော်ခင်တို့ တက်ရောက်ခဲ့ကြ သည်။

ထို့ပြင် ဒေသခံတောင်သူလယ်သမားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး