လာမည့် ဒီဇင်ဘာ ၁ ရက်တွင် မြန်မာ-ကိုရီးယား (ဒလ) တံတားတည် ဆောက်ရေးစီမံကိန်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး အောက် တိုဘာ ၃ ရက် နံနက် ၁၀နာရီခွဲက ဒလမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ အကြို ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးကျော်ကောင်းချိုနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းရင်နှင့် ဦးထွေးတင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင် ဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြွေနှင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
အဆိုပါတံတားကို ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး ဒလ ဘက်ခြမ်း ဗိုလ်မင်းရောင်လမ်း တံတားတည်ဆောက်မည့်နေရာသို့ တာဝန်ရှိ သူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
















