မူးယစ်ဆေးသုံးသူ ပထွေးက ခြောက်နှစ်အရွယ် မယားပါသားကို လည်လှီးသတ်မှုမှ မူးယစ်ဆေးရောင်းသူကို ဖမ်းမိ

မူးယစ်ဆေးသုံးသူ ပထွေးက ခြောက်နှစ်အရွယ် မယားပါသားကို လည်လှီးသတ်မှုမှ မူးယစ်ဆေးရောင်းသူကို ဖမ်းမိ

မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူ ပထွေးက (၆)နှစ်အရွယ် မယားပါသားကို ဓားရှည်ဖြင့် လည်လှီးသတ်ဖြတ်ခဲ့မှုမှ မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသမီးကို ကွင်းဆက်တရားခံအဖြစ် ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ဖမ်းဆီးခဲ့သည်။

ယနေ့ နံနက်၉နာရီ အချိန်တွင် မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာ သရက်ကုန်းရပ်ကွက် အိမ်အမှတ်- သရက/၁၀၈နေ အသက်၅၈နှစ်အရွယ် ဒေါ်နှင်းကြည်၏နေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါ နေအိမ်မီးဖိုခန်းအပေါက်ဝတွင် BOLISI စာတမ်းပါဖြူပြာစိမ်းနီရောင် လက်စွဲအိတ် အတွင်းကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော 88/1စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၉၉)ပြားကို လည်းကောင်း၊ ၊မြေပြင်တွင်ချထားသော ပွိုင့် စာတမ်းပါခရမ်းရောင်သံသေတ္တာတစ်လုံးအတွင်းမှ Love is flower စာတမ်းပါအပြာရောင်ဆပ်ပြာခွက်အတွင်းဘိန်းဖြူဟုယူဆရသောဖြူဝါကြား အမှုန့်(၁၀)ဂရမ်ပါတစ်ခွက် စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၈၉၇၀ဝ၀ ဖိုးနှင့်တစ်ထောင်ကျပ်တန် ၅သောင်း၆ထောင်တို့အားတွေ့ရှိသိမ်းဆည်းခဲ့သည်။ 
ယခုဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားဖမ်းဆီးမှုမှာ နိုဝင်ဘာ၄ရက်က ဘီလူးမြို့ကျေးရွာ သရက်ကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် (၆)နှစ်အရွယ် မယားပါ သားဖြစ်သူကို မူးယစ်ဆေးဝါးသုံးစွဲထားသည့် ပထွေးဖြစ်သူက ဓားရှည်ဖြင့် လည်လှီးသတ်ဖြတ်ကာ နေအိမ်အိပ်ခန်းအတွင်း ဖွက်ထားခဲ့သည့် အမှု၏ ကွင်းဆက်ဖြစ်သည်။ 
အဆိုပါအမှုမှ ပြစ်မှုကျူးလွန်ခဲ့သူ စန်းအောင်နှင့် ခင်မာချိုတို့ကို သက်ဆိုင်ရာက စစ်ဆေးချက်များအရ ဒေါ်နှင်းကြည်ထံမှ မူးယစ်ဆေးများ ဝယ်ယူသုံးစွဲခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 
မိုးညှင်းမြို့မရဲစခန်းက မယ(ပ)၂၂၀ /၁၈ ၊မူး/စိတ် ပုဒ်မ ၁၉(က) ၂၀(က) အရ ဖမ်းဆီးအရေးယူထားသည်။