ဝန်ကြီးချုပ်တစ်ဖြစ်လဲ သမ္မတဟောင်း ရာဇပါကသ ဦးဆောင်သော သီရိလင်္ကာအစိုးရကို ထောက်ခံကြောင်း ချီတက်အင်အားပြ

ဝန်ကြီးချုပ်တစ်ဖြစ်လဲ သမ္မတဟောင်း ရာဇပါကသ ဦးဆောင်သော သီရိလင်္ကာအစိုးရကို ထောက်ခံကြောင်း ချီတက်အင်အားပြ

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည့်  သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသဦးဆောင်သော အစိုးရကိုထောက်ခံသည့်အနေဖြင့် နိုင်ငံသားထောင်ပေါင်းများစွာသည် နိုဝင်ဘာ ၅ ရက်တွင် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

သမ္မတသီရိသေနာသည် ရာနီး ဗစ်ကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချပြီး ရာဇပါကသကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ကာ လွှတ်တော်ကိုလည်း ခေတ္တရပ်ဆိုင်းခဲ့သည်။ သို့သော် လွှတ်တော်တွင်း ၎င်းကိုထောက်ခံသူအများစုရှိနေသောကြောင့် ၎င်းသည်သာ ဝန်ကြီးချုပ်ဖြစ်ကြောင်း ဗစ်ကရာမာဆင်ဂဲကပြောဆိုကာ ရာထူးမှမဆင်းပေးဘဲနေခဲ့သဖြင့် ဖွဲ့စည်းပုံဆိုင်ရာအကျပ်အတည်းရှိလာခဲ့သည်။
    ကိုလမ်ဘိုရှိ ရာဇပါကသ ထောက်ခံသူများသည် ဘယ်သူ အာဏာရတာလဲ၊ ရာဇပါကသရတာပဲ ဟု ကြွေးကြော်ကာ ချီတက်ခဲ့ကြသည်။ ချီတက်ပွဲတွင် လူ ၁၂၀ဝ၀ဝ ခန့်ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။ ဗစ်ကရာမာဆင်ဂဲက ၎င်းသည်သာ ဝန်ကြီးချုပ်ဖြစ်ကြောင်း ပြောဆိုနေသော်လည်း ပြည်သူများမှာမူ ရာဇပါကသဘက်သို့ ပါနေပြီဖြစ်ကြောင်း ရာဇပါကသ၏ပါတီအကြီးအကဲ ပရာဒိ ကာရီယာမာဆမ်က ပြောဆိုခဲ့သည်။
    ဗစ်ကရာမာဆင်ဂဲ၏ လွတ်လပ်ဈေးကွက်စီးပွားရေးမူဝါဒများ ထိရောက်မှုမရှိဘဲ ၎င်း၏အစိုးသည် တရုတ်နှင့် အိန္ဒိယတို့ရှိ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မှုရှိခဲ့ကာ နိုင်ငံအရင်းအမြစ်များကို နိ်ုင်ငံခြားသားများလက်ထဲသို့ထည့်ခဲ့ကြောင်း သီရိသေနာက ပြောဆိုခဲ့သည်။ 
    နှစ်ဖက်စလုံးက ထောက်ခံသူအများစုရှိနေကြောင်း သက်သေမပြနိုင်မချင်း ဝန်ကြီးချုပ်သစ် တင်မြှောက်မှုကို အသိအမှတ်မပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကာရူ ဇယသူရိယက ပြောဆိုခဲ့သည်။ ယင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌသည် ဗစ်ကရာမာဆင်ဂဲဦးဆောင်သော လွှတ်တော်ကိုသာ ထောက်ခံနေဆဲဖြစ်ကြောင်း အဓိပ္ပာယ်ရနေသည်။
    လွှတ်တော်အစည်းအဝေးများပြန်စပါက လွှတ်တော်ဥက္ကဋ္ဌသစ်ကို ဦးဆုံးရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ရာဇပါကသ၏ပါတီမှ အမတ် ဆူဆီ ပရမ်ဇယန်သာက ပြောဆိုခဲ့သည်။ 
ရာဇပါကသ၏ပါတီသည် လွှတ်တော်တွင်း ထောက်ခံမှုများရရှိအောင် ငွေပေးသိမ်းသွင်းနေကြောင်း ဗစ်ကရာမာဆင်ဂဲက အေပီသတင်းဌာနသို့ လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။ 
ဘက်ပြောင်းလျှင် ဒေါ်လာသန်းပေါင်းများစွာနှင့် ဝန်ကြီးရာထူးရရှိစေမည်ဟု ကမ်းလှမ်းမှုရှိခဲ့ကြောင်း ညီညွတ်သော အမျိုးသားပါတီမှ အမတ် ပါလီသာ ရန်ဂါ ဘန်ဒရာက ပြောဆိုခဲ့သည်။