ဂျပန်ပို့ပေးမည်ဆိုကာ ငွေလိမ်သည့် ဂျပန် စကားပြော သင်တန်းကို အရေးယူ

ဂျပန်ပို့ပေးမည်ဆိုကာ ငွေလိမ်သည့် ဂျပန် စကားပြော သင်တန်းကို အရေးယူ

ဂျပန်နိုင်ငံသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများသို့ သွားရောက်အလုပ်လုပ်ရမည်ဟုဆိုကာ အမျိုးသမီးခုနစ်ဦးထံမှငွေများလိမ်လည်ရယူခဲ့သည်ဆိုသည့် ဂျပန်သင်တန်းကျောင်းတစ်ခုကို အရေးယူထားကြောင်း အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ရန်ကုန်)မှ ရဲမှူး ခင်မောင်ကြွယ်က မြန်မာတိုင်းမ်ကို နိုဝင်ဘာ ၆ ရက်က ပြောသည်။

 '' ကျွန်တော်တို့ စစ်ဆေးကြည့်တော့ ပြည်ပပို့ပေးဖို့ လိုင်စင်မရှိတာကိုတွေ့ရတယ်။ သူတို့ အဲဒီလိုပို့ လို့ မရဘူး။ လူတစ်ယောက်ကို ၁ဝ သိန်းနဲ့ ၁၅ သိန်းကြားပေးထားကြတယ်။ သူတို့ကိုမနေ့က ပိုက်ဆံ ပြန်ပေးဖို့ ချိန်းခဲ့ပေမယ့် ရောက်မလာဘူး'' ဟု ရဲမှူးခင်မောင်ကြွယ်က ပြောသည်။ 
ဗဟန်းမြို့နယ် ယုဇနတာဝါတွင်ဖွင့်လှစ်ထားသည့် ဂျပန်သင်တန်းကျောင်းတစ်ခုက ဂျပန်နိုင်ငံသို့ပို့ပေး မည်ဟုဆိုကာ အင်တာဗျုူး အောင်မြင်သည့် အမျိုးသမီးငယ် ခုနစ်ဦးထံမှ တစ်ဦးလျှင် ကျပ် ၁ဝ သိန်းနှင့် ၁၅ သိန်းခန့်စရံငွေကို ရယူခဲ့ကြောင်း၊ မယုံကြည်တော့သဖြင့် စရံငွေများပြန်လည်တောင်းခံ ရာတွင် အခက်အခဲ များရှိနေခြင်းကြောင့် မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)သို့ အကူညီတောင်းခံခြင်းဖြစ်သည်။ 
'' စရံငွေ ၁၅သိန်း ကို သင်တန်းကျောင်းက ဦးခင်မောင်ထွန်းကိုယ်တိုင် ပြေစာမှာလက်မှတ် ထိုး ယူခဲ့တယ်။ သူရဲ့ အမျိုးသမီးလည်းရှိနေတယ်'' ဟု အမှုတိုင်ကြားမှုတွင် ပါဝင်သူ အမျိုးသမီးတစ်ဦး က ပြောသည်။ 
'' နိုင်ငံခြားသွားဖို့ဆိုရင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရ အေဂျင်စီတွေကိုပဲ ရှာဖွေအပ်နှံ သင့်ပါတယ်''ဟု MOEAF ၏  ဥပဒေရေးရာနှင့်စည်း ကမ်းထိမ်းသိမ်းရေးကော်မတီဝင် ဦးချားလ်မျိုးသန့်က ပြောကြားသည်။ 
'' မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ချိတ်ဆက်ပေးလို့ မနေ့က သူတို့ကို ဗဟန်းရဲစခန်းမှာ အမှုဖွင့်ဖို့ အတွက် တိုင်ကြားဖို့ အကြောင်းအရာကအစ ကျွန်တော်တို့ရေး သားကူညီပေးလိုက်ပါတယ်။ စခန်းက အခုထိ အမှုဖွင့်တာမကြားရသေးဘူး။ ဘာတွေလိုအပ်နေသလဲ ဆိုတာ ပြန်ပြီး မေးမြန်းရဦးမယ်'' ဟု ရဲမှူးခင်မောင်ကြွယ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး