ပုသိမ်ကြီးမြို့နယ်တွင် ဘိန်းဆီခဲများသယ်ဆောင်လာသည့် မော်တော်ယာဉ်ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့သည်။
နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ သက်လွင်ပြုံး(ခ) ကိုနိုင် ၄၂ နှစ်မောင်းနှင်ပြီး ရာကျော် ၃၁ နှစ်၊ ဝေဖြိုးအောင် ၃၀ နှစ်နှင့် ဇင်မျိုးပိုင် ၂၅ နှစ်တို့လိုက်ပါလာသည့် မော်တော်ယာဉ်ကို မူးယစ်သတင်းအရ မူးယစ်ရဲတပ်ဖွဲ့စု(၁၇) နှင့်ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဆီခဲ ၅၄ ဂရမ် ကျပ်၂၅ သိန်းနီးပါးတန်ဖိုးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် အုန်းချောနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။

















