၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

ကပ္ပလီပင်လယ်ပြင်အတွင်းသို့ အရှေ့ဖက်မှရွေ့လျားလာသော အရှေ့လေပွေလှိုင်းတစ်ခုဝင်ရောက်လာပြီးနောက် အနောက်မြောက်ဖက်သို့ ဆက်လက်ရွေ့လျားလာရာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာပြီး၊ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းအရောက်တွင် မုန်တိုင်းတစ်လုံးဖြစ်လာ နိုင်သည်ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏လူမူကွန်ရက်စာမျက်နှာမှတစ်ဆင့်ပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံနှင့် အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကိုမိုရင်းဧရိယာအပါအဝင် ယင်းနှင့်ဆက်စပ် လျက်ရှိသော သီရိလင်္ကာ နိုင်ငံနှင့် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဆက်လက်တည်ရှိနေသည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ရက်တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင်  လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး