တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားခံရသူ ကိုယ်​ဝန်​သည်​အမျိုးသမီးနှင်​့ ကချင်​တိုင်​းရင်​းသူအမျိုးသမီးတစ်​ဦးတို့ကို ကယ်​ဆယ်​နိုင်

တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားခံရသူ ကိုယ်​ဝန်​သည်​အမျိုးသမီးနှင်​့ ကချင်​တိုင်​းရင်​းသူအမျိုးသမီးတစ်​ဦးတို့ကို ကယ်​ဆယ်​နိုင်

တရုတ်ငွေယွမ် ၅ သောင်းဖြင့် တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားခံရသူ ကိုယ်​ဝန်​သည်​အမျိုးသမီးနှင်​့ ကချင်​တိုင်​းရင်​းသူအမျိုးသမီးတစ်​ဦးတို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့(၂)က နိုဝင်ဘာလ ၆ ရက်တွင်​ကယ်​တင်​နိုင်​ခဲ့​ကြောင်​းသိရသည်​။

အဆိုပါ​နေ့ မွန်​းလွဲ ၁ နာရီ အချိန်​ခန်​့တွင်​ကချင်ပြည်နယ် လွယ်ဂျယ်မြို့  လူကုန်ကူးမှုတားဆီး ကာကွယ်ရေး(၂)ထံသို့ တရုတ်​ရဲတပ်​ဖွဲ့က လူကုန်​ကူးခံရသူ အမျိုးသမီး ၂ ဦးကို လာ​ရောက်​ လွှဲပြောင်​းခဲ့သည်​။

အဆိုပါ ၂ ဦးအနက်​ ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်မြို့နယ်နေ အသက်​ (၂၂)နှစ် အရွယ်​ အမျိုးသမီးမှာ ကိုယ်ဝန်(၆)လ ခန်​့ရှိပြီး ကျန်​တစ်​ဦးမှာ  ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ လွယ်ကန်ကျေးရွာအုပ်စု ​နေ အသက်​ ၂၁ နှစ်​အရွယ်​ ကချင်တိုင်းရင်းသူ တို့ ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး(၂)ရဲတပ်ဖွဲ့ထံမှ သိရသည်​။

၎င်းတို့ ၂ဦးသည်  Wechat မှတစ်ဆင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်​းက မမိမော်(စီစစ်​ဆဲ)နှင်​့ သိရှိခဲ့ပြီး ၎င်းတို့အား တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်တွင်​ အိမ်အကူအလုပ်ရှိသဖြင့်လုပ်ကိုင်လိုပါက တရုတ်ပြည်ဝမ်ထိန်မြို့သို့ ကားဖြင့်လာကြိုကာ ခေါ်ဆောင်မည်ဖြစ်ကြောင်း စည်းရုံးခံခဲ့ရခြင်​းဖြစ်​သည်​။

ထို့​နောက်​ ဇူလိုင်လ ၁၄ ရက်တွင်မမိမော်​ က ကချင်​အမျိုးသမီးထံသို့ ဆက်​သွယ်​ကာ မိမိမှာတရုတ်နိုင်ငံ၊ ဝမ်ထိန်မြို့၌့ရောက်ရှိနေပြီဖြစ်​သော​ကြောင်​့ လာတွေ့ဆုံရန်​ဆက်သွယ်ခဲ့သည်​။

ထို့သို့ သွား​ရောက်​ ​တွေ့ဆုံခဲ့ရာတွင် ကျန်းဖုန်းမြို့ရှိနေအိမ် တစ်​ခုသို့ သို့မမိမော်ကခေါ်ဆောင်သွားခဲ့ပြီး အဆိုပါညနေပိုင်​းတွင်​ ကျန်းဖုန်းမြို့ပန်းခြံ၌ အသက်(၂၈)နှစ်အရွယ်ရှိတရုတ်အမျိုးသားတစ်ဦးနှင့်မိတ်ဆက်ပေးခဲ့သည်​။

ထိုတရုတ်အမျိုးသားနှင့်အိမ်ထောင်ပြုပါက ယွမ် ၂၅,၀၀၀ ပေးမည်ဖြစ်ပြီး အန်ဟွေးပြည်နယ်သို့လိုက်သွားရမည်ဖြစ်​ကြောင်​း  ထိုအရပ်၌အဆင်မပြေ၍မနေလု်​ိပါက ၎င်းတရုတ်အမျိုးသားကိုကားဖြင့် ပြန်လည်ပို့ဆောင်ခိုင်​း၍ရ​ကြောင်း မမိမော်ကစည်းရုံး​ပြောဆိုခဲ့​သော​ကြောင်​့ တရုတ်​အမျိုးသားနှင်​့ လိုက်​ပါသွားခဲ့သည်​။

 တရုတ်နိုင်ငံ ဟွေမင်မြို့သို့ရောက်ရှိခဲ့ပြီး ၎င်းကဲ့သို့ တရုတ်အမျိုးသားနှင့်လက်ထပ်ရန်ရောက်ရှိလာသူ သန်​လျင်​မြို့​နေ အမျိုးသမီးနှင့်တွေ့ဆုံခဲ့သည်​။

၎င်းတို့နှစ်ဦးကို တရုတ်အမျိုးသားနှစ်ဦးက ကားဖြင့် ၂ အိပ် ၂ ရက်ခန့်တင်ခေါ်ဆောင်​ခဲ့ရာ ဇူလိုင်​ ၁၇ ရက်တွင် အန်းဟွေးပြည်နယ် အမ်းကျင်းမြို့ကလော့ဟယ်ကျေးရွာသို့ရောက်ရှိခဲ့ကြောင်း ၊ ၎င်းတရုတ်​အမျိုးသား ညီအစ်အကို၂ ဦးနှင်​့၎င်းတို့နှစ်ဦး လက်ထပ် ပေါင်းသင်​းပါက ယွမ် ၂၅,၀၀၀ ကို Wechat မှလွဲပေးမည်ဟု မမိမော်ကပြောဆိုခဲ့သည်​။

တရုတ်အမျိုးသားညီအစ်ကိုနှစ်ဦးက ဆေးစစ်ရန်ခေါ်ဆောင်သွားစဉ်​​ဆေးရုံအရောက်တွင် သန်လျင်တွင် ​နေထိုင်​သူ အမျိုးသမီးတွင်​ ကျန်ခဲ့သည့်၎င်း၏ခင်ပွန်းနှင်​့ရရှိသည်​့ ကိုယ်ဝန်မှာ(၃)လရှိနေပြီဖြစ်ကြောင်း သိရှိသွားခဲ့​သော​ကြောင်​့ မြန်​မာပြည်​သို့ ပြန်ချင်ကြောင်း ပြောဆိုခဲ့သော်လည်း လက်မခံသည့်အတွက် တရုတ်ဖုန်းနံပတ်​(၁၁၀)သို့ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ကြောင်း ရဲတပ်​ဖွဲ့၏​မေးမြန်​းချက်​တွင်​​ဖော်​ပြထားသည်​။

ဖုန်​းဆက်​သည်​့​နေ့ ၌ တရုတ်ရဲများက မမိမော်​ ကိုဖမ်းဆီးခေါ်ဆောင်လာသည်ကိုတွေ့ခဲ့​ကြောင်​း  ၎င်းတို့နှစ်ဦးကိုလည်းမေးမြန်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် တရုတ်ရဲများပြန်သွားခဲ့​ကြောင်​းဆိုသည်​။

တရုတ်အမျိုးသားနှစ်ဦးနှင့် ၎င်းတို့ ၃ လခန့်အထိ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ပေးခဲ့ရပြီးနောက် နိုဝင်ဘာလ ၆ ရက်၌ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်​ဖွဲ့ (၂) ၏ကယ်တင်ခြင်းခံခဲ့ရကြောင်း သိရသည်။

သက်​ဆိုင်​ရာက ကယ်​တင်​ခဲ့ပြီး မြန်​မာနိုင်​ငံသို့ပြန်​​ရောက်​ချိန်​တွင်​ သန်​လျင်​မြို့နယ်​​နေသူတွင်​ကိုယ်​ဝန်​ ၆လခန်​့ရှိ​နေပြီဖြစ်​​ကြောင်​းသိရသည်​။

တရုတ်နိုင်ငံ ချမ်းဆန်ရဲစခန်းတွင် မမိမော်(၃၀)နှစ်​ကို ဖမ်းဆီးထိန်းသိမ်းပြီး အဆိုပါလူကုန်​ကူးခံရသူ ၂ဦးကို ​နေရပ်​သို့ပြန်​လည်​ပို့​ဆောင်​ရန်​ သက်​ဆိုင်​ရာက စီစဉ်လျက်​ရှိ​ကြောင်း သိရသည်။