တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ် တွင် ဆိုင်ကယ်သော့တောင်းရာမှ ညီအစ်ကိုချင်းစကားများရန်ဖြစ်ခဲ့ပြီး ဓားဖြင့် ခုတ်သတ်ခဲ့မှု နိုဝင်ဘာ ၆ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၃ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်ဟိန္ဒူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ရာဘာခြံအတွင်းတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ မေတ္တာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ရာဘာခြံတစ်ခုရှိ အလုပ်သမားတဲ၌ ဇင်ကိုဆိုသူထံမှ ၎င်း၏ညီအရင်းဖြစ်သူ ရေကြည်မြို့၊ အညာကန်ကျေးရွာနေ စိုင်းလင်းအောင်(၂၀)နှစ်က ဆိုင်ကယ်သော့တောင်းစဉ် စကားများရန်ဖြစ်ခဲ့ရာ စိုင်းလင်းအောင်က အရိုးအသွား(၁၄)လက်မခန့်ရှိ ဓားဖြင့်ထိုး သောကြောင့် ဇင်ကိုမှာ ဒဏ်ရာများရရှိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
မေတ္တာနယ်မြေရဲစခန်း(ပ)၁၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအရေးယူထားသည်။

















