ဧရာဝတီမြစ်ကမ်းဘေးတွင် ရေနံစိမ်းများတရားမဝင်ချက်လုပ်နေသူကို အရေးယူ

ဧရာဝတီမြစ်ကမ်းဘေးတွင် ရေနံစိမ်းများတရားမဝင်ချက်လုပ်နေသူကို အရေးယူ

ပခုက္ကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တောတန်းကမ်းပါး ပေါ်၌ ရေနံစိမ်းများ တရားမဝင်ချက်လုပ်နေသည်ဆိုသူကို  သတင်းအရ နိုဝင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီအချိန်တွင် ပခုက္ကူမြို့နယ် ထန်းခြောက်ပင်ကျေးရွာ တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေး တောတန်းကမ်းပါး ပေါ်၌ တရားမဝင်ရေနံစိမ်းများ ချက်လုပ်နေကြောင်း သတင်းအရ သက်ဆိုင်ရာကသွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ထန်းခြောက်ပင် ကျေးရွာနေ မင်းဇော်(ခ)မောင်ဇော်(၃၅)နှစ်ကို  ရေနံချက်လုပ် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မြစ်ခြေနယ်မြေရဲစခန်း (ပ)၃၅/၁၈၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။