ချင်းပြည်နယ်မီးသတ်ဦးစီးဌာနက ချင်းပြည်နယ်အတွင်းရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်မည့်လုပ်ငန်း ၁၀ ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း သိရသည်။
တင်ဒါခေါ်ယူသည့်လုပ်ငန်း ၁၀ ခုမှာ ခိုင်ကမ်းနယ်မြေမီးသတ်စခန်း (၄၅ _ ၃၉_ ၁၅) ပေ သံကူကွန်ကရစ် ရေသန့်လျှပ်စစ်ပါ တစ်လုံးဆောက်လုပ်ခြင်း၊ ခိုင်ကမ်းနယ်မြေ မီးသတ်စခန်းပြင်ပ ရေ/မီးရရှိရေးလုပ်ငန်း၊ ဝေဘူလနယ်မြေမီးသတ်စခန်း (၄၅ _ ၃၉ _ ၁၅) ပေ သံကူကွန်ကရစ် ရေသန့်လျှပ်စစ်ပါ တစ်လုံးဆောက်လုပ်ခြင်း၊ ဝေဘူလနယ်မြေ မီးသတ်စခန်းပြင်ပ ရေ/မီးရရှိရေးလုပ်ငန်း မကွီးအိမ်နူးနယ်မြေမီးသတ်စခန်း (၄၅ _ ၃၉ _ ၁၅) ပေ သံကူကွန်ကရစ် ရေသန့်လျှပ်စစ်ပါ တစ်လုံးဆောက်လုပ်ခြင်း၊ မကွီးအိမ်နူးနယ်မြေ မီးသတ်စခန်းပြင်ပ ရေ/မီးရရှိရေးလုပ်ငန်း၊ ဖလမ်းခရိုင်မြေထိန်းနံရံတစ်ခု (၂၇၄ _ ၄ _ ၃၀) ပေဆောက်လုပ်ခြင်း၊ ထန်တလန်မြို့နယ် မြေထိန်းနံရံတစ်ခု (၇၀ _ ၄ _ ၂၀) ဆောက် လုပ်ခြင်း၊ တွန်းဇံမြို့နယ် မြေထိန်းနံရံတစ်ခု (၆၅ _ ၄ _ ၁၀) ပေဆောက်လုပ်ခြင်းနှင့် ပလက်ဝမြို့နယ် မြေထိန်းနံရံတစ်ခု (၁၃၀ _ ၄ _ ၁၈) ပေဆောက်လုပ်ခြင်းနှင့် (၄၅ _ ၁၈) ပေ လမ်းတာချဲ့ခြင်းလုပ်ငန်းတို့ဖြစ်ကြသည်။
တင်သွင်းရမည်
အဆိုပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို နိုဝင်ဘာ ၇ ရက်မှစတင်ရောင်းချမည်ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင်နောက်ဆုံးထား၍ ချင်းပြည်နယ် မီးသတ်ဦးစီးဌာနရုံး ဟားခါးမြို့သို့ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။
















