အောက်လွှတ်တော် ရှုံးနိမ့်မှုကို မလွှဲမရှောင်သာလက်ခံပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည်ဟု ထရမ့်က ယူဆ

အောက်လွှတ်တော် ရှုံးနိမ့်မှုကို မလွှဲမရှောင်သာလက်ခံပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည်ဟု ထရမ့်က ယူဆ

၀ါရှင်တန် ” အမေရိကန်နိုင်ငံ တစ်ပါတီထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့သည်ကို မလွှဲမရှောင်သာ လက်ခံခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  လွှတ်တော် စုံစမ်းစစ်ဆေးမှု အလားအလာ၊ ပိတ်ဆို့ခဲ့သည့် မူဝါဒအားထုတ်မှုနှင့် ၎င်း၏ အစဉ်အလာကို ဆန့်ကျင်သော နိုင်ငံရေး မဟာမိတ်အဖွဲ့၏ ခံနိုင်ရည်တို့နှင့်စပ်လျဉ်း၍ ပြဿနာအသစ်များကို ရင်ဆိုင်သွားရဖွယ်ရှိသည်။ 

နိုဝင်ဘာ ၆ ရက်ညပိုင်း သက်တမ်းဝက်ရွေးကောက်ပွဲ မဲရလဒ်များ ထွက်ပေါ်လာသည့်အချိန်တွင် ထရမ့်က လွှတ်တော်အတွင်း ရီပတ်ဘလီကန်ပါတီ အောင်မြင်မှုကို အောင်ပွဲခံခဲ့ပြီး ပြစ်တင်မှုများနှင့် ကင်းအောင်နေလျက်ရှိသည်။ 

အထက်လွှတ်တော်တွင် ရီပတ်ဘလီကန်ပါတီက လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စဉ် ရွေးကောက်ပွဲညတစ်ညလုံး ထရမ့်တစ်ယောက် နှုတ်ဆိတ်နေခဲ့ပြီး ၎င်း၏ သမ္မတရာထူးကို ပြန်လည်ပြဋ္ဌာန်းမည့် ပြောင်းလဲမှုလုပ်ဆောင်နိုင်ရန် ဒီမိုကရက်တစ်ပါတီက လွှတ်တော် ထိန်းချုပ်မှုရရှိရန် လမ်းကြောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ 

ထရမ့်က အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် နန်ဆီပယ်လိုဆီကို ဖုန်းဖြင့်ဆက်သွယ်၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုအတွက် ဂုဏ်ပြုကြောင်း နှင့် နှစ်ပါတီဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆောင်ရွက်သွားရန် လက်ခံသဘောတူညီခဲ့သည်။ ထရမ့်၏ သမ္မတရာထူးနှင့်ပတ်သက်ပြီး ဆန္ဒခံယူပွဲ တစ်ပွဲအဖြစ် ပြည်သူလူထုက အကြီးအကျယ် စောင့်ကြည့်ခဲ့ကြပြီး ပါတီခွဲ၍ အုပ်ချုပ်မှုနှစ်နှစ်တာ ကာလအတွင်း အမေရိကန် မဲဆန္ဒရှင်များတွင် နက်ရှိုင်းသော တင်းမာမှု ပေါ်ထွက်လာခဲ့သည့် ကွဲပြားသော ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၆ ရက် ရွေးကောက်ပွဲက ပေးခဲ့သည်။ 

အောက်လွှတ်တော် ထိန်းချုပ်ပိုင်ခွင့်က ဒီမိုကရက်တစ်ပါတီကို သမ္မတကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး သူ၏လုပ်ငန်းစဉ် ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ သို့သော် ဒီမိုကရက်တစ်ပါတီ အနိုင်ရမှု၏အင်အားပမာဏကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟတ်ကဘီ ဆန်းဒါးစ်က လျှော့ပေါ့ပြောခဲ့သည်။

ဥပဒေပြုအထက်လွှတ်တော် ထိန်းချုပ်မှုကို ထိန်းသိမ်းထားသော ရီပတ်ဘလီကန်ပါတီဝင်များအတွက် သမ္မတ၏ ကြီးမားသည့် အောင်ပွဲတစ်ခုဖြစ်သည်ဟုသာ ၎င်းက ပြောကြားခဲ့့သည်။

နောက်လာမည့် ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် ရီပတ်ဘလီကန်ပါတီဝင်များနှင့် ဒီမိုကရက်ပါတီဝင်များ ပူးပေါင်းလုပ်ဆောင်ရန် အိမ်ဖြူတော် လက်ထောက်များက တောင်းဆိုခဲ့သည်။ "တရားရုံးကို ဆင့်ခေါ်ပြီး စွဲချက်တင်ဖို့ ကြိုးပမ်းတာ၊ လှုံ့ဆော်တာ၊ စုံစမ်းစစ်ဆေးတာတွေအတွက် ဒီမိုကရက် ဥပဒေပြုလွှတ်တော်အမတ်တွေက သူတို့ရဲ့အချိန်အများစုကို သုံးဖို့ ဆန္ဒရှိမရှိကို မသိဘူး" ဟု အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် ကယ်လီအန်း ကွန်းဝေးက ပြောသည်။

၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သော ရှစ်နှစ်ခန့် ကြာမြင့်ခဲ့သည့် ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး မဲအရေအတွက် အသာစီးရရှိနိုင်ရန် လိုအပ်ခဲ့ပြီး လွှတ်တော်နေရာ ၂၁၈ နေရာ ရယူရန် နိုင်ငံအနှံ့ ဆင်ခြေဖုံးများရှိ ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ထားသော ခရိုင်နှစ်ခုနှင့် အထက်ကို ဒီမိုကရက်တစ်ပါတီဝင်များက ရွေးချယ် ယှဉ်ပြိုင်ခဲ့သည်။ 

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် အနိုင်ရရှိခဲ့သောကြောင့် အဓိက နေရာများအဖြစ် ဆုံးဖြတ်ခဲ့သော ဝါရှင်တန်၊ ဖီလာဒဲလ်ဖီးယား၊ မိုင်ယာမီ၊ ရှီကာဂို၊ ဒန်ဗာနှင့် ဒယ်လက်စ်မြို့အပြင်ဘက်ရှိ ဆင်ခြေဖုံးခရိုင်များတွင် မဲအသာစီးဖြင့်အနိုင်ရရှိရန် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများကို နေရာအပြောင်းအလဲပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာ ၇ ရက် ညနေပိုင်းရရှိသည့် အေပီသတင်းအရ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်တွင် အမတ်နေရာ ၄၅ နေရာ၊ အောက်လွှတ်တော်တွင် ၂၁၉ နေရာ၊ ပြည်နယ်အုပ်ချုပ်ရေးမ·း ၂၂ နေရာ အနိုင်ရရှိနေပြီး ရီပတ်ဘလီကန်ပါတီက အထက်လွှတ်တော်အမတ် ၅၁ နေရာ၊ အောက်လွှတ်တော်အမတ် ၁၉၃ နေရာနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၅ နေရာ အသီးသီး အနိုင်ရရှိနေကြောင်း သိသိရသည်။