အာဆီယံပြိုင်ပွဲ မြန်မာဖူဆယ်အသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရ

အာဆီယံပြိုင်ပွဲ မြန်မာဖူဆယ်အသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရ

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်တက်ရန်အတွက် အဆုံးအဖြတ်ပွဲစဉ် တစ်ပွဲအဖြစ် မြန်မာနှင့် မလေးရှားအသင်းတို့ သည် နိုဝင်ဘာ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီက အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင် ခဲ့ရာ မြန်မာအသင်း သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

တက်ရောက်ခဲ့

မြန်မာအသင်းမှာ အုပ်စုသုံးပွဲ ကစား ခဲ့ရာတွင် ကမ္ဘောဒီးယားအသင်းကိုသာ အနိုင် ရရှိခဲ့ပြီး အင်ဒိုနီးရှားနှင့် မလေးရှားအသင်း တို့ကို ရှုံးနိမ့်ခဲ့သည်။ မလေးရှားအသင်းမှာ သုံးပွဲကစား ရမှတ် ၉ မှတ်ဖြင့် ဆီမီးဖိုင်နယ်သို့ အုပ်စုဗိုလ်ဖြင့် တက်ရောက်နိုင်ခဲ့သည်။

အုပ်စု (က)အခြားပွဲစဉ်တစ်ပွဲ၌ အင်ဒိုနီးရှားနှင့်ကမ္ဘော ဒီးယားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှား အသင်းက ၁၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်ရောက် ခဲ့သည်။

ပွဲအပြီး၌ မြန်မာ့လက်ရွေးဖူဆယ်အသင်း နည်းပြချုပ်ဦးဌေးမြင့်က  မလေးရှားနှင့်ပွဲ၌ ကစားသမားများ   အကောင်းဆုံးကစားခဲ့ ကြောင်း၊ စိုးရိမ်စိတ်များကြောင့် ရရှိခဲ့သည့် အခွင့်အရေးများကို ဂိုးအဖြစ် အသုံးမချနိုင်ခဲ့၍ ရှုံးခဲ့ရခြင်းဖြစ်ဟု ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး