လန်ဒန် ” အာရှဒေသတွင် တိုးပွားလာသည့်လူလတ်တန်းစားများက ခရီးသွားလည်ပတ်မှု ပိုမိုပြုလုပ်လာကြရာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နံပါတ် (၁) ခရီးသွားများ လာရောက်ရာနေရာအဖြစ် တရုတ်သည် ပြင်သစ်ကို ကျော်တက်မည်ဟု ယူရိုမိုနီတာအင်တာနေရှင်နယ် ဈေးကွက် သုတေသနအုပ်စုက ကျွမ်းကျင်သူများ၏အဆိုအရ သိရှိရသည်။
လန်ဒန်မြို့ရှိ ခရီးသွားလုပ်ငန်းညီလာခံတစ်ခုတွင် နိုဝင်ဘာ ၆ ရက်က ထုတ်ဝေခဲ့သည့် အစီရင်ခံစာတစ်ခု၌ ယူရိုမိုနီတာက ၂၀၁၈ ခုနှစ်တွင် ခရီးစဉ် ၁ ဒသမ ၄ ဘီလျံ ရှိမည်ဟု ကြိုတင်ခန့်မှန်းထားရာ မနှစ်ကထက် ငါးရာခိုင်နှုန်းတက်လာသည်။ အဓိက စီးပွားရေး လုပ်ငန်းအတော်များများတွင် ခိုင်ခိုင်မာမာတိုးတက်လာမှုကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေသည် ခန့်မှန်းခြေ ၁၁ ရာခိုင်နှုန်းတက်လာမည်ဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားများကြောင့် နောက်ထပ် ဘီလျံနှင့်ချီကာ ဝင်ငွေတိုးမြင့်လာမည်ဟု မျှော်လင့်ရကာ ဒေါ်လာ ၂ ဒသမ ၆ ထရီလျံခန့်နှင့် ညီမျှသည့် ဝင်ငွေဖြစ်သည်။ ထိုအချိန်ကာလတွင် တရုတ်သည် ပြင်သစ်ကို ကျော်တက်ကာ ကမ္ဘာ့နံပါတ် (၁) ခရီးသွားများလာရောက်ရာနေရာဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်းကတစ်ပန်းသာနေသည်မှာ ရှစ်နှစ်ရှိပြီဖြစ်ကာ အာရှ-”ပစိဖိတ်ဒေသကို အဓိကထားသည့် ခရီးစဉ်များသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ အာရှ-”ပစိဖိတ်ဒေသသည် စီးပွားရေးတိုးတက်မှုလျင်မြန်သည့် အကျိုးကျေးဇူးကိုခံစားရသည့်နည်းတူ များပြားလာသည့် လူလတ်တန်းစားများက သုံးစွဲနိုင်သည့် ဝင်ငွေကို အနားယူအပန်းဖြေရာတွင် သုံးစွဲရန်ကြိုးပမ်းကြသည်။
ဗီဇာကန့်သတ်ချက်များ တဖြည်းဖြည်းချင်းလျှော့ပေါ့ပေးခြင်းက အဆိုပါဒေသတွင် ခရီးသွားလာခြင်းကို ပိုမိုလွယ်ကူစေကာ အာရှသို့ သွားရောက်သည့် ခရီးသွား ၈၀ ရာခိုင်နှုန်းမှာ အာရှ”ပစိဖိတ်ဒေသက မူလစတင်ခြင်းဖြစ်သည်ဟု ယူရိုမိုနီတာ ခရီးသွားလုပ်ငန်း ဝါရင့်ဆန်းစစ်လေ့လာသူ ဝူတာဂါ့တ်စ်က ဆိုသည်။
အားကစားပွဲတော်များကလည်း ဒေသတွင်း ခရီးသွားလာမှုကို တိုးမြှင့်ပေးကာ တိုကျိုသည် ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပွဲတော်နှင့် ပေကျင်းက ၂၀၂၂ ခုနှစ်ဆောင်းရာသီ အားကစားပွဲများ လက်ခံကျင်းပမည်ဟု ၎င်းက ဆက်လက်ပြောကြားလိုက်သည်။
"ခရီးသွားလုပ်ငန်းက တရုတ်နိုင်ငံ စီးပွားရေးရဲ့ အဓိကမဏ္ဍိုင်တစ်ခုပဲ။ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံနဲ့ စံချိန်စံညွှန်းတွေကို တိုးတက်အောင် ရင်းနှီးမြှုပ်နှံမှုအများကြီး လုပ်ကိုင်ထားတဲ့အပြင် ခရီးသွားတွေနဲ့ သဟဇာတဖြစ်တဲ့ မူဝါဒတွေ လုပ်ဆောင်ချက်သစ်တွေကိုလည်း ပြုလုပ်ထားတယ်"ဟု ဝူတာဂတ်စ်ကဆိုသည်။
၎င်းတို့ ခန့်မှန်းထားချက်အရ အာရှ-”ပစိဖိတ်ဒေသအတွက် အခြားအလားအလာ ကောင်းသော အပိုင်းများမှာ အီဂျစ်၊ တူနီးရှားနှင့်တူရကီကဲ့သို့ နိုင်ငံများသည် လုံခြုံရေး အန္တရာယ်ရှိသည့်အတွက် လွန်ခဲ့သည့် နှစ်အနည်းငယ်က ကမ္ဘာလှည့်ခရီးသွား အရေအတွက် သိသိသာသာ ကျဆင်းလာသည်ကို မြင်တွေ့ရသည်။
ခရီးသွားလုပ်ငန်းက တရုတ်နိုင်ငံ စီးပွားရေးရဲ့ အဓိကမဏ္ဍိုင်တစ်ခုပဲ။ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံနဲ့ စံချိန်စံညွှန်းတွေကို တိုးတက်အောင် ရင်းနှီးမြှုပ်နှံမှုအများကြီး လုပ်ကိုင်ထားတဲ့အပြင် ....
အချို့ ဥရောပနိုင်ငံများတွင် စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အစွန်းရောက်တိုက်ခိုက် သတ်ဖြတ်မှုများ မကြာသေးမီနှစ်များက ဖြစ်ပွားခဲ့သော်လည်း ဥရောပသည်လည်း ဒူပေနာပေခံကာ ခိုင်ခိုင်မာမာတိုးတက်နေသည်။
ခရီးသွားလုပ်ငန်း အလားအလာအတွက် မသေချာမရေရာမှုမှာ လာမည့်နှစ် မတ်လတွင် ဥရောပသမဂ္ဂထဲမှ ဗြိတိန်နုတ်ထွက်မှုအပေါ် ဗဟိုပြုနေသည်။ နိုင်ငံရပ်ခြားတွင် အားလပ်ရက် အပန်းဖြေရန် ကြိုတင်စာရင်းသွင်းခြင်းထက် ဗြိတိန်အများစုက နေအိမ်တွင်နေရန် ရွေးချယ်ကြသူ ၂၀၂၂ တွင် ခန့်မှန်းခြေ ၅ သန်းရှိသည်ဟု အစီရင်ခံစာက ဖော်ပြထား သည်။ ထိုသို့ဖြစ်ပါက နေရာအတော်များများတွင် ဂယက်ရိုက်မှုဖြစ်ကာ အထူးသဖြင့် စပိန်နိုင်ငံတွင်ဖြစ်သည်။
စပိန်နိုင်ငံသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေ ငါးပုံတစ်ပုံခန့်ကို ဗြိတိန်ခရီးသွားများထံမှ ရရှိသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့အကြား ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်လာပါက အမေရိကန် ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်နိုင်သည်ဟု ယူရိုမိုနီတာက သတိပေးပြောကြားခဲ့သည်။

















