ရွှေ့ပြောင်းဝင်ရောက်လာသူများကြောင့် အလုပ်လက်မဲ့ ပြဿနာက ဆွီဒင်နိုင်ငံကို ခြောက်လှန့်နေ

ရွှေ့ပြောင်းဝင်ရောက်လာသူများကြောင့် အလုပ်လက်မဲ့ ပြဿနာက ဆွီဒင်နိုင်ငံကို ခြောက်လှန့်နေ

ဆွီဒင်နိုင်ငံသည် နှစ်ပေါင်း ၄၀ ကြာ စီးပွားရေးတိုးတက်မှု အကြာရှည်ဆုံးကြားမှာပင် နိုင်ငံစီးပွားရေး၌ အလုပ်လက်မဲ့ဖြစ်ခြင်းသည် ငွေကြေးအကျပ်အတည်းမတိုင်မီ  အဆင့်များသို့ ပြန်မရောက်နိုင်ဘဲဖြစ်နေသည်။ အလုပ် လက်မဲ့နှုန်းသည် ခြောက်ရာခိုင်နှုန်းကျော် မြင့်တက်နေပြီး ၎င်း၏ အိမ်နီးချင်းနိုင်ငံများ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော ကမ္ဘာ့စီးပွားရေးအရ အင်အားကြီးနိုင်ငံများရှိ အလုပ်လက်မဲ့နှုန်းထက် ပိုမြင့်သည်။

ပြည်တွင်းနှင့် ဥရောပစီးပွားရေး တိုးတက်မှုအေးစက်နေသည့်အတွက် အခိုက်အတန့် ဒုက္ခရောက်ရသည်။ တစ်ချိန်တည်းတွင် မရေရာသည့် ရွေးကောက်ပွဲအပြီး နှစ်လနီးပါးအကြာတွင် အလားအလာရှိ အစိုးရမရှိဘဲ နိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းသို့ အပြည့်အဝ ရောက်ရှိနေသည်။

ဗဟိုဘဏ်က ခုနစ်နှစ်အတွင်း ပထမဦးဆုံးအနေဖြင့် အတိုးနှုန်းကို မြှင့်တင်ရန်ပြင်ဆင်ပြီး အလုပ်လက်မဲ့နှုန်းထိုးကျမည်ဟု ကြိုတင် ခန့်မှန်းထားကာ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

လူဦးရေ ၁၀ သန်းမျှရှိသော ဆွီဒင်နိုင်ငံသည် စစ်ဘေးရှောင် ပြောင်းရွှေ့ဝင်ရောက် လာသူများအတွက် ခိုလှုံရာတစ်ခုဖြစ်လာပြီး အလုပ်များတွင် ဖြည့်တင်းရန် အလုပ်သမားများ ပြည်ပမှဝင်လာရာ လွန်ခဲ့သောငါးနှစ်အတွင်း စုစုပေါင်း ပြောင်းရွှေ့လာသူ ၆၀ဝçဝ၀ဝ ခန့်  လက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ် အစောပိုင်းကတည်းက လုပ်သားအင်အားသည် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးပွားခဲ့ရာ ဒိန်းမတ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းနှင့် နော်ဝေတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိသည်။

နိုင်ငံခြားသား အလုပ်သမားများသည် အလုပ်များစွာတွင် ဝင်ရောက်လုပ်ကိုင်ကြကာ အထူးသဖြင့် ကျန်းမာရေးနှင့် အသက်ကြီးသူများကို စောင့်ရှောက်ရေးတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ အလုပ်ခန့်ထားမှုအဆင့်သည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းအထိ ဖြစ်လာသည်။အလုပ်လက်မဲ့ ဆွီဒင်နိုင်ငံသားများမှာ လေးရာခိုင်နှုန်းရှိပြီး နိုင်ငံခြားသားများမှာ ၁၅ ရာခိုင်နှုန်းကျော်ရှိသည်။

စီးပွားရေးပညာရှင်များ၏ အဆိုအရ အလုပ်ရှင်များ၏ လိုအပ်ချက်နှင့် အလုပ်ရှာသူများ၏ ကျွမ်းကျင်မှုကြား ကြီးမားသော အဆီအငေါ်မတည့်မှုသည် အလုပ်လက်မဲ့များတိုးပွားစေသည်။ အသစ်ဝင်ရောက်လာသူများသည် လူမှုဖူလုံရေး အကျိုးခံစားမှုများရရှိရန် အလုပ်သမားခန့်ထားရေးဌာနတွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ မှတ်ပုံတင်ပြီးလျှင် ၎င်းတို့ကို လုပ်သားအင်အား၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်မည်ဟုMacrobond ရှိ စီးပွားရေး ပညာရှင်အကြီးအကဲ ရော်ဂျာ ဂျိုးဆက်ဖ်ဆင် ကဆိုသည်။

၂၀၁၅ ခုနှစ်က ရောက်ရှိလာသော နိုင်ငံရေးခိုလှုံခွင့်တောင်းသူများသည် Public Employment Services  ရှိ လုပ်သားဈေးကွက် အစီအစဉ်များတွင် ယခုအခါ ပါဝင်နေသည်။ စက်တင်ဘာလ၌ ဆွီဒင်တွင် အလုပ်ရှာဖွေသူများအဖြစ် မှတ်ပုံတင်ထားသူများ အကြမ်းအားဖြင့် ၆၁၁çဝ၀ဝ ရှိသည်။ ၃၄၃,ဝ၀ဝ သည် အလုပ်လက်မဲ့ဖြစ်ပြီး ၂၉၀,ဝ၀ဝ သည် ထောက်ပံ့ကြေးပေးသည့် အစီအစဉ်လိုမျိုးရရှိနေသည်။ လုပ်သားဈေးကွက်အင်အားသည် ချည့်နဲ့နေသည်ဟု ပြောဆိုမှုများသည် မမှန်ကန်ကြောင်း အလုပ်ခန့်ထားရေးနှင့် ပေါင်းစပ်ရေးဝန်ကြီးဖြစ်သူ ဝိုင်ဗာ ဂျိုဟင် ဆန်က ဆိုသည်။

ထောက်ပံ့မှုပေးသည့် အလုပ်တွင် လုပ်နေသူများသည် ၎င်းစတင်တာဝန်ယူသည့်အချိန် ရှိသူများထက် နည်းကြောင်း ယခုအစိုးရ လက်ထက်တွင် ထပ်ဖြည့်သည့် အလုပ်သစ် ၃၂၅,ဝ၀ဝ သည် ထောက်ပံ့မှုမပေးသည့် အလုပ်များဖြစ်ကြောင်း ၎င်းကဆိုသည်။ နောက် စီးပွားရေးအကျဘက်သို့မလှည့်မီ လုပ်သားဈေးကွက်သို့ အားဖြည့်ရန်အတွက် အသစ်ရောက်လာသူများ ကျွမ်းကျင်မှု ပိုကောင်းလာရန် အရေးပါကြောင်း ၎င်းကဆိုသည်။

ဆွီဒင်နိုင်ငံတွင် စီးပွားရေးအကျဘက်သို့ မရောက်သေးဘဲ အားကောင်းသည့် လုပ်သားဈေးကွက်ရှိသဖြင့်  ယခုအချိန်တွင်ရှိနေသည့် အလုပ်များအတွက် လူများကို ကြိုတင်ပြင်ဆင်ထားရန်နှင့် ပညာပေးရမည်ဟု ၎င်းက ဆိုသည်။